< ဗျာဒိတ်ကျမ်း 10 >

1 ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-
फिर मैंने एक और ताक़तवर फ़रिश्ते को बादल ओढ़े हुए आसमान से उतरते देखा। उसके सिर पर धनुक थी, और उसका चेहरा आफ़ताब की तरह था, और उसका पाँव आग के सुतूनों की तरह।
2 သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-
और उसके हाथ में एक छोटी सी खुली हुई किताब थी। उसने अपना दहना पैर तो समुन्दर पर रख्खा और बायाँ ख़ुश्की पर।
3 ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-
और ऐसी ऊँची आवाज़ से चिल्लाया जैसे बबर चिल्लाता है और जब वो चिल्लाया तो सात आवाज़ें सुनाई दीं
4 ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
जब गरज की सात आवाज़ें सुनाई दे चुकीं तो मैंने लिखने का इरादा किया, और आसमान पर से ये आवाज़ आती सुनी, जो बातें गरज की इन सात आवाज़ों से सुनी हैं, उनको छुपाए रख और लिख मत।
5 ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-
और जिस फ़रिश्ते को मैंने समुन्दर और ख़ुश्की पर खड़े देखा था उसने अपना दहना हाथ आसमान की तरफ़ उठाया
6 ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊- (aiōn g165)
जो हमेशा से हमेशा ज़िन्दा रहेगा और जिसने आसमान और उसके अन्दर की चीज़ें, और ज़मीन और उसके ऊपर की चीज़ें, और समुन्दर और उसके अन्दर की चीज़ें, पैदा की हैं, उसकी क़सम खाकर कहा कि अब और देर न होगी। (aiōn g165)
7 သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။
बल्कि सातवें फ़रिश्ते की आवाज़ देने के ज़माने में, जब वो नरसिंगा फूँकने को होगा, तो ख़ुदा का छुपा हुआ मतलब उस ख़ुशख़बरी के जैसा, जो उसने अपने बन्दों, नबियों को दी थी पूरा होगा।
8 ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။
और जिस आवाज़ देनेवाले को मैंने आसमान पर बोलते सुना था, उसने फिर मुझ से मुख़ातिब होकर कहा, जा, “उस फ़रिश्ते के हाथ में से जो समुन्दर और ख़ुश्की पर खड़ा है, वो खुली हुई किताब ले ले।”
9 သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။
तब मैंने उस फ़रिश्ते के पास जाकर कहा, ये छोटी किताब मुझे दे दे। उसने मुझ से कहा, “ले, इसे खाले; ये तेरा पेट तो कड़वा कर देगी, मगर तेरे मुँह में शहद की तरह मीठी लगेगी।”
10 ၁၀ ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။-
पस मैं वो छोटी किताब उस फ़रिश्ते के हाथ से लेकर खा गया। वो मेरे मुँह में तो शहद की तरह मीठी लगी, मगर जब मैं उसे खा गया तो मेरा पेट कड़वा हो गया।
11 ၁၁ ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။
और मुझ से कहा गया, “तुझे बहुत सी उम्मतों और क़ौमों और अहल — ए — ज़बान और बादशाहों पर फिर नबुव्वत करना ज़रूर है।”

< ဗျာဒိတ်ကျမ်း 10 >