< ဗျာဒိတ်ကျမ်း 10 >
1 ၁ ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
また私は、もうひとりの強い御使いが、雲に包まれて、天から降りて来るのを見た。その頭上には虹があって、その顔は太陽のようであり、その足は火の柱のようであった。
2 ၂ သူသည်ဖွင့်ထားသောစာစောင်ငယ်ကိုကိုင် ထား၏။ လက်ယာခြေဖြင့်ပင်လယ်ပေါ်၌လည်း ကောင်း၊ လက်ဝဲခြေဖြင့်ကုန်းမြေပေါ်၌လည်း ကောင်းရပ်လျက်၊-
その手には開かれた小さな巻き物を持ち、右足は海の上に、左足は地の上に置き、
3 ၃ ခြင်္သေ့ဟောက်သကဲ့သို့ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ကြွေးကြော်လိုက်သော အခါမိုးကြိုးသံခုနစ်ချက်မြည်လေ၏။-
ししがほえるときのように大声で叫んだ。彼が叫んだとき、七つの雷がおのおの声を出した。
4 ၄ ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
七つの雷が語ったとき、私は書き留めようとした。すると、天から声があって、「七つの雷が言ったことは封じて、書きしるすな。」と言うのを聞いた。
5 ၅ ထိုနောက်ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေ သောကောင်းကင်တမန်သည် မိမိ၏လက်ယာ ကိုကောင်းကင်သို့မြှောက်ချီကာ၊-
それから、私の見た海と地との上に立つ御使いは、右手を天に上げて、
6 ၆ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူ၍မိုး၊ မြေ၊ ပင်လယ်မှစ၍အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၏နာမ တော်ကိုတိုင်တည်လျက်``နောက်ထပ်နှောင့်နှေး ကြန့်ကြာမှုရှိမည်မဟုတ်။ ဘုရားသခင် သည်မိမိ၏အစေခံပရောဖက်တို့အား ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ၊- (aiōn )
永遠に生き、天とその中にあるもの、地とその中にあるもの、海とその中にあるものを創造された方をさして、誓った。「もはや時が延ばされることはない。 (aiōn )
7 ၇ သတ္တမကောင်းကင်တမန်တံပိုးခရာမှုတ်သော အခါ၌ ကိုယ်တော်သည်မိမိ၏နက်နဲသော အကြံအစည်တော်တို့ကိုပြီးမြောက်စေ တော်မူမည်'' ဟုဆိုလေသည်။
第七の御使いが吹き鳴らそうとしているラッパの音が響くその日には、神の奥義は、神がご自身のしもべである預言者たちに告げられたとおりに成就する。」
8 ၈ ကောင်းကင်မှငါကြားရသည့်မိန့်မြွက်သံက ငါ့အား``သွားလော့။ ပင်လယ်နှင့်ကုန်းမြေပေါ် တွင်ရပ်လျက်နေသောကောင်းကင်တမန်လက် ၌ဖွင့်ထားသောစာစောင်ကိုယူလော့'' ဟုဆို ပြန်၏။
それから、前に私が天から聞いた声が、また私に話しかけて言った。「さあ行って、海と地との上に立っている御使いの手にある、開かれた巻き物を受け取りなさい。」
9 ၉ သို့ဖြစ်၍ငါသည်ထိုကောင်းကင်တမန်ထံ သို့သွားပြီးလျှင် စာစောင်ငယ်ကိုပေးရန် တောင်း၏။ ကောင်းကင်တမန်က``ဤစာစောင် ကိုယူ၍စားလော့။ သင်၏ဝမ်းကိုခါးစေ လိမ့်မည်။ သို့ရာတွင်သင်၏ခံတွင်း၌ပျား ရည်ကဲ့သို့ချိုလိမ့်မည်'' ဟုဆို၏။
それで、私は御使いのところに行って、「その小さな巻き物を下さい。」と言った。すると、彼は言った。「それを取って食べなさい。それはあなたの腹には苦いが、あなたの口には蜜のように甘い。」
10 ၁၀ ငါသည်ကောင်းကင်တမန်၏လက်မှစာစောင် ငယ်ကိုယူ၍စား၏။ ထိုစာစောင်သည်ငါ၏ ခံတွင်း၌ပျားရည်ကဲ့သို့ချို၏။ ဝမ်းတွင်း သို့ရောက်သောအခါ၌မူခါးလေသည်။-
そこで、私は御使いの手からその小さな巻き物を取って食べた。すると、それは口には蜜のように甘かった。それを食べてしまうと、私の腹は苦くなった。
11 ၁၁ ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။
そのとき、彼らは私に言った。「あなたは、もう一度、もろもろの民族、国民、国語、王たちについて預言しなければならない。」