< ဗျာဒိတ်ကျမ်း 1 >

1 ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။-
Jesuh Khrih kah pumphoenah te Pathen loh anih taengah a paek. Tete a salrhoek taengah tueng ham thamaa laa thoenga kuek. Te dongah a puencawn lamloha tueihtih a sal Johan taenglaa phoe sak.
2 ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။-
Anih loh Pathen kah olka neh Jesuh Khrih kah olphonga hmuh boeih tea phong.
3 ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။
A tae vaengah tonghma ol dongkah ol tea yaak tih a khuikaha daek te aka tuem taha yoethen. A tue tah yoei coeng.
4 ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-
Johan loh Asia kah hlangboel parhih taengah a yaak sak. Om tiha om phoeiah aka lo li taengkah neh a ngolkhoel hmaiah aka om Mueihla parhih lamkah khaw,
5 သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-
Uepom laipai, aka duekrhoek khuikah camingomthang neh diklai manghairhoek kah boei, mamih aka lungnah tih a thii neh mamih kah tholhnah lamkah mamih aka hlam Jesuh Khrih lamkah lungvatnah neh ngaimongnah nangmih taengah om saeh.
6 မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)
Mamih khaw ram la n' saiitih a napa Pathen taengah khosoih la aka nawn amah te thangpomnah neh thaomnah kumhal kah kumhal duela soep saeh. Amen. (aiōn g165)
7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။
Khomai neh ha pawk coeng ke. Te dongah amahte mik cungkuem neh amah aka thun rhoekloh a hmuh uh ni. Te vaengah diklai kah koca boeih loh aniha rhaengsae thil uh ni. Thuem Amen.
8 ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Kai tah Alpha neh Omega la ka om. A om tangtae neh aka om li tih aka lo tloengkhoelh Boeipa Pathen loha thui.
9 ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-
Kai Johan, nangmih kah manuca neh phacip phabaem neha ram ah aka bawn tih Jesuh ah uehnah loh Patmolaa khue tuisanglak ah Pathen kah olka neh Jesuh kah laipai ham ka pha.
10 ၁၀ သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-
Boeipa kah khohnin ah mueihla neh ka pha hatah ka hnukah olueng bangla ol ue ka yaak.
11 ၁၁ ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။
Te vaengah, “Na hmuh te cayol ah daek lamtah Ephisa, Smyna, Pergamum, Thyatira, Sardis, Philadelphia, neh Laodicea kahhlangboel parhih te pat,” a ti.
12 ၁၂ ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊-
Te dongah kai taengah ol aka thui te sawt ham ka mael. Te phoeiah ka mael hatah sui hmaitung parhih ka hmuh.
13 ၁၃ ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။-
Hmaitung kaha laklo ah hlang capa phek te om. A dung la a hni a bai tiha rhang ah sui lamkoa vah.
14 ၁၄ သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-
Anih kah a lu khaw, a sam khaw tumul aka bok vuelsong bangla boktih a mik khaw hmai bangla tak.
15 ၁၅ သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။-
A kho tah hmai alh aha rhoh tangtae rhohum ngo phek la om tih a ol tah tuipuei ol bangla len.
16 ၁၆ သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။-
A kut bantang kut ah aisi parhih om tih a ka lamkah voeivang ah aka haat thunglang ha thoeng. A maelhmai tah a thaomnah neh khomik bangla sae.
17 ၁၇ ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။-
Anih ka hmuh vaengah aka duek bangla a kho kung ah ka bung. Te vaengah a bantang kut kai soaha tloeng tih, “Rhih boeh, Kai tah lamhma neh hnukkhueng la ka om.
18 ၁၈ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။- (aiōn g165, Hadēs g86)
Ka hing bal tih ka duek bal coeng dae kumhal kah kumhal duela aka hing la ka om coeng he. Dueknah neh saelkhui kah cabi khaw ka khueh. (aiōn g165, Hadēs g86)
19 ၁၉ သင်​တွေ့​မြင်​ရ​သည့်​အ​မှု​အ​ရာ​များ​မှာ ယ​ခု မျက်​မှောက်​နှင့်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​များ​ဖြစ်​၏။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ရေး​ထား​လော့။-
Te dongah na hmuh te khaw, aka om rhoek neh hekah phoeiah aka thoeng ham te daek lah.
20 ၂၀ ငါ​၏​လက်​ယာ​တော်​လက်​တွင်​သင်​မြင်​တွေ့​ရ သည့်​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​ခု​၏ လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ မီး​ခွက်​ခု​နစ် လုံး​သည်​အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​၍ ကြယ် ခု​နစ်​လုံး​သည်​ထို​အ​သင်း​တော်​ခု​နစ်​ပါး​ကို စောင့်​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
Aisi parhih kah olhuep tah kai kah bantang ah sui hmaitung parhih lah na hmuh coeng te. Aisi parhih tah hlangboel parhih kah puencawn la om uh tih hmaitung parhih tah hlangboel parhih ni,” a ti.

< ဗျာဒိတ်ကျမ်း 1 >