< ဆာလံ 99 >
1 ၁ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
The Lord is king; let the nations tremble: he is throned upon cherubs; let earth quake.
2 ၂ ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
The Lord is great in Zion, he is high over all the nations.
3 ၃ လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
Let them praise your great and terrible name. Holy is he.
4 ၄ တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
You are a king who loves justice, equity you have established: justice and right you have wrought for Jacob.
5 ၅ ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
Exalt the Lord our God, bow down at his footstool. Holy is he.
6 ၆ မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။
Among his priests were Moses and Aaron, Samuel among those who called on his name. They called to the Lord, and he gave them answer.
7 ၇ သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
He spoke to them in the pillar of cloud, they kept his commands and the statute he gave them.
8 ၈ အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
Lord our God, you gave them answer. A God of forgiveness were you to them, who suffered their deeds to go unpunished.
9 ၉ ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
Exalt the Lord our God; bow down at his holy mountain. For holy is the Lord our God.