< ဆာလံ 98 >
1 ၁ ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
(시) 새 노래로 여호와께 찬송하라! 대저 기이한 일을 행하사 그 오른 손과 거룩한 팔로 자기를 위하여 구원을 베푸셨도다
2 ၂ ထာဝရဘုရားသည်မိမိ၏အောင်ပွဲကို ကြေညာတော်မူ၍ ကယ်တင်နိုင်သောတန်ခိုးတော်ကို လူမျိုးတကာတို့အားဖော်ပြတော်မူ၏။
여호와께서 그 구원을 알게 하시며 그 의를 열방의 목전에 명백히 나타내셨도다
3 ၃ ကိုယ်တော်သည်မိမိ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်နှင့်အညီ ဣသရေလအမျိုးသားတို့အားထားတော်မူသော ကတိတော်ကိုတည်စေတော်မူ၏။ အရပ်တကာရှိလူအပေါင်းတို့သည်ငါတို့ ဘုရား၏ အောင်ပွဲကိုတွေ့မြင်ကြရလေပြီ။
저가 이스라엘 집에 향하신 인자와 성실을 기억하셨으므로 땅의 모든 끝이 우리 하나님의 구원을 보았도다
4 ၄ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။
온 땅이여, 여호와께 즐거이 소리할지어다! 소리를 발하여 즐거이 노래하며 찬송할지어다
5 ၅ ထောမနာသီချင်းကိုဆိုကာထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းများကိုတီး၍ဂုဏ်တော်ကိုချီးမွမ်းကြလော့။
수금으로 여호와를 찬양하라! 수금과 음성으로 찬양할지어다!
6 ၆ တံပိုးခရာနှင့်နှဲတို့ကိုမှုတ်၍ငါတို့ဘုရင် ထာဝရဘုရား၏ရှေ့တော်၌ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
나팔과 호각으로 왕 여호와 앞에 즐거이 소리할지어다
7 ၇ အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
바다와 거기 충만한 것과 그 중에 거하는 자는 다 외칠지어다
8 ၈ အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။ အချင်းတောင်များတို့၊ထာဝရဘုရားသည် ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍ တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
여호와 앞에서 큰 물이 박수하며 산악이 함께 즐거이 노래할지어다
저가 땅을 판단하려 임하실 것임이로다 저가 의로 세계를 판단하시며 공평으로 그 백성을 판단하시리로다