< ဆာလံ 98 >

1 ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။
A PSALM. Sing to YHWH a new song, For He has done wonders, His right hand and His holy arm have given salvation to Him.
2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။
YHWH has made His salvation known, Before the eyes of the nations, He has revealed His righteousness,
3 ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။
He has remembered His kindness, And His faithfulness to the house of Israel, All the ends of the earth have seen the salvation of our God.
4 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
Shout to YHWH, all the earth, Break forth, and cry aloud, and sing.
5 ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။
Sing to YHWH with harp, With harp, and voice of praise,
6 တံ​ပိုး​ခ​ရာ​နှင့်​နှဲ​တို့​ကို​မှုတ်​၍​ငါ​တို့​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​လော့။
With trumpets, and voice of a horn, shout before the King, YHWH.
7 အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။
The sea and its fullness roar, The world and the inhabitants in it.
8 အ​ချင်း​မြစ်​တို့၊လက်​ခုပ်​တီး​ကြ​လော့။ အ​ချင်း​တောင်​များ​တို့၊ထာ​ဝ​ရ​ဘု​ရား​သည် ကမ္ဘာ​လော​က​ကို​အုပ်​စိုး​ရန်​ကြွ​လာ​တော်​မူ ပြီ​ဖြစ်​၍ တစ်​ပြိုင်​နက်​ရှေ့​တော်​တွင်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။
Floods clap hand, together hills cry aloud,
9
Before YHWH, For He has come to judge the earth, He judges the world in righteousness, And the people in uprightness!

< ဆာလံ 98 >