< ဆာလံ 97 >
1 ၁ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
耶和华作王!愿地快乐! 愿众海岛欢喜!
2 ၂ မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
密云和幽暗在他的四围; 公义和公平是他宝座的根基。
3 ၃ မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။
有烈火在他前头行, 烧灭他四围的敌人。
4 ၄ ကိုယ်တော်၏လျှပ်စစ်လျှပ်နွယ်တို့သည် ကမ္ဘာလောကကိုလင်းစေကြ၏။ ထိုအချင်းအရာကိုမြင်သောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
他的闪电光照世界, 大地看见便震动。
5 ၅ ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
诸山见耶和华的面, 就是全地之主的面,便消化如蜡。
6 ၆ မိုးကောင်းကင်သည်ကိုယ်တော် ဖြောင့်မှန်တော်မူကြောင်းကိုထုတ်ဖော်ကြေ ညာ၍ လူအပေါင်းတို့သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုမြင်ကြရ၏။
诸天表明他的公义; 万民看见他的荣耀。
7 ၇ ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
愿一切事奉雕刻的偶像、 靠虚无之神自夸的,都蒙羞愧。 万神哪,你们都当拜他。
8 ၈ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
耶和华啊,锡安听见你的判断就欢喜; 犹大的城邑也都快乐。
9 ၉ အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
因为你—耶和华至高,超乎全地; 你被尊崇,远超万神之上。
10 ၁၀ ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
你们爱耶和华的,都当恨恶罪恶; 他保护圣民的性命, 搭救他们脱离恶人的手。
11 ၁၁ သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
散布亮光是为义人; 预备喜乐是为正直人。
12 ၁၂ အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
你们义人当靠耶和华欢喜, 称谢他可记念的圣名。