< ဆာလံ 96 >
1 ၁ သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့။
Cântați DOMNULUI o cântare nouă, cântați DOMNULUI, tot pământul.
2 ၂ သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့အား ကယ်တော်မူကြောင်းသတင်းကောင်းကို နေ့စဉ်နေ့တိုင်းပြောကြားကြလော့။
Cântați DOMNULUI, binecuvântați numele lui; arătați salvarea lui zi de zi.
3 ၃ လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
Vestiți gloria lui printre păgâni, minunile lui printre toate popoarele.
4 ၄ ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
Pentru că DOMNUL este mare și demn de a fi mult lăudat, el este de temut deasupra tuturor dumnezeilor.
5 ၅ အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
Căci toți dumnezeii națiunilor sunt idoli, dar DOMNUL a făcut cerurile.
6 ၆ ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။ တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
Onoare și maiestate sunt înaintea lui, putere și frumusețe sunt în sanctuarul său.
7 ၇ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
Dați DOMNULUI, voi familii de popoare, dați DOMNULUI glorie și putere.
8 ၈ ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
Dați DOMNULUI gloria datorată numelui său, aduceți ofrandă și veniți în curțile lui.
9 ၉ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
O, închinați-vă DOMNULUI în frumusețea sfințeniei, temeți-vă înaintea lui, tot pământul.
10 ၁၀ ``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ လူမျိုးတကာတို့အားပြောကြားကြလော့။
Spuneți printre păgâni că DOMNUL domnește, lumea de asemenea va fi întemeiată astfel că nu va fi clătinată, el va judeca poporul cu dreptate.
11 ၁၁ အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
Să se bucure cerurile și să se veselească pământul; să urle marea și plinătatea ei.
12 ၁၂ အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။ တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။
Să se bucure câmpul și tot ce este în el, atunci toți copacii pădurii se vor bucura,
13 ၁၃ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
Înaintea DOMNULUI, căci el vine, căci el vine să judece pământul, el va judeca lumea cu dreptate și popoarele cu adevărul său.