< ဆာလံ 94 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ပြစ်​ပေး​ပိုင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။
אֵל־נְקָמֹ֥ות יְהוָ֑ה אֵ֖ל נְקָמֹ֣ות הֹופִֽיַע׃
2 ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အား တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။
הִ֭נָּשֵׂא שֹׁפֵ֣ט הָאָ֑רֶץ הָשֵׁ֥ב גְּ֝מ֗וּל עַל־גֵּאִֽים׃
3 သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။
עַד־מָתַ֖י רְשָׁעִ֥ים ׀ יְהוָ֑ה עַד־מָ֝תַ֗י רְשָׁעִ֥ים יַעֲלֹֽזוּ׃
4 ပြစ်​မှု​ကူး​လွန်​သူ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မာန်​မာ​န​ထောင်​လွှား​၍ မိ​မိ​တို့​၏​ပြစ်​မှု​များ​အ​ကြောင်း​ကို​ကြွား​ဝါ​လျက် နေ​ကြ​ပါ​ဦး​မည်​နည်း။
יַבִּ֣יעוּ יְדַבְּר֣וּ עָתָ֑ק יִֽ֝תְאַמְּר֗וּ כָּל־פֹּ֥עֲלֵי אָֽוֶן׃
5 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို နှိပ်​ကွပ်​ကြ​ပါ​၏။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​အား ဖိ​စီး​နှိပ်​စက်​ကြ​ပါ​၏။
עַמְּךָ֣ יְהוָ֣ה יְדַכְּא֑וּ וְֽנַחֲלָתְךָ֥ יְעַנּֽוּ׃
6 သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။
אַ֭לְמָנָה וְגֵ֣ר יַהֲרֹ֑גוּ וִֽיתֹומִ֣ים יְרַצֵּֽחוּ׃
7 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။
וַ֭יֹּ֣אמְרוּ לֹ֣א יִרְאֶה־יָּ֑הּ וְלֹא־יָ֝בִ֗ין אֱלֹהֵ֥י יַעֲקֹֽב׃
8 ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင် ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။
בִּ֭ינוּ בֹּעֲרִ֣ים בָּעָ֑ם וּ֝כְסִילִ֗ים מָתַ֥י תַּשְׂכִּֽילוּ׃
9 ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။
הֲנֹ֣טַֽע אֹ֖זֶן הֲלֹ֣א יִשְׁמָ֑ע אִֽם־יֹ֥צֵֽר עַ֝֗יִן הֲלֹ֣א יַבִּֽיט׃
10 ၁၀ လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။
הֲיֹסֵ֣ר גֹּ֭ויִם הֲלֹ֣א יֹוכִ֑יחַ הַֽמְלַמֵּ֖ד אָדָ֣ם דָּֽעַת׃
11 ၁၁ ထို​သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏။ သူ​တို့​စဉ်း​စား​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော် မူ​၏။
יְֽהוָ֗ה יֹ֭דֵעַ מַחְשְׁבֹ֣ות אָדָ֑ם כִּי־הֵ֥מָּה הָֽבֶל׃
12 ၁၂ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊ တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။
אַשְׁרֵ֤י ׀ הַגֶּ֣בֶר אֲשֶׁר־תְּיַסְּרֶ֣נּוּ יָּ֑הּ וּֽמִתֹּורָתְךָ֥ תְלַמְּדֶֽנּוּ׃
13 ၁၃ ထို​သူ​အား​သူ​ယုတ်​မာ​တို့​ကျ​စေ​ရန် တွင်း​တူး​၍ မ​ပြီး​စီး​မီ​ဆိုး​ရွား​သည့်​အ​ချိန်​ကာ​လ​မှ လွတ်​ငြိမ်း​ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မူ​ပါ​၏။
לְהַשְׁקִ֣יט לֹ֖ו מִ֣ימֵי רָ֑ע עַ֤ד יִכָּרֶ֖ה לָרָשָׁ֣ע שָֽׁחַת׃
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
כִּ֤י ׀ לֹא־יִטֹּ֣שׁ יְהוָ֣ה עַמֹּ֑ו וְ֝נַחֲלָתֹ֗ו לֹ֣א יַעֲזֹֽב׃
15 ၁၅ တ​ရား​ရုံး​များ​၌​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု တစ်​ဖန်​ရှိ​လိမ့်​မည်။ သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​လည်း ယင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု​ကို ထောက်​ခံ​ကြ​လိမ့်​မည်။
כִּֽי־עַד־צֶ֭דֶק יָשׁ֣וּב מִשְׁפָּ֑ט וְ֝אַחֲרָ֗יו כָּל־יִשְׁרֵי־לֵֽב׃
16 ၁၆ အ​ဘယ်​သူ​သည်​ငါ့​ဘက်​မှာ​ရှိ​၍​သူ​ယုတ်​မာ တို့​အား ဆန့်​ကျင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ငါ့​တစ်​ဘက်​ရှိ​မ​ကောင်း​မှု ပြု​သူ​တို့​အား​ဆန့်​ကျင်​ပါ​သ​နည်း။
מִֽי־יָק֣וּם לִ֭י עִם־מְרֵעִ֑ים מִֽי־יִתְיַצֵּ֥ב לִ֝י עִם־פֹּ֥עֲלֵי אָֽוֶן׃
17 ၁၇ အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ငါ့​အား ကူ​မ​တော်​မ​မူ​ခဲ့​သော် ငါ​သည်​ဆိတ်​ညံ​ရာ​အ​ရပ်​သို့​အ​လျင်​အ​မြန် ရောက်​ရ​မည်​သာ​ဖြစ်​ပေ​သည်။
לוּלֵ֣י יְ֭הוָה עֶזְרָ֣תָה לִּ֑י כִּמְעַ֓ט ׀ שָֽׁכְנָ֖ה דוּמָ֣ה נַפְשִֽׁי׃
18 ၁၈ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ခြေ​ချော်​၍​လဲ​ပြီ​ဟု ထင်​ရ​သော​အ​ခါ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကျွန်​တော်​မျိုး​အား​ချီ​ပင့်​ထား​တော်​မူ​ပါ​၏။
אִם־אָ֭מַרְתִּי מָ֣טָה רַגְלִ֑י חַסְדְּךָ֥ יְ֝הוָ֗ה יִסְעָדֵֽנִי׃
19 ၁၉ ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည် ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။
בְּרֹ֣ב שַׂרְעַפַּ֣י בְּקִרְבִּ֑י תַּ֝נְחוּמֶ֗יךָ יְֽשַׁעַשְׁע֥וּ נַפְשִֽׁי׃
20 ၂၀ ကိုယ်​တော်​ရှင်​သည်​မ​တ​ရား​သော​အ​မှု​ကို တ​ရား​ဝင်​ဖြစ်​အောင်​ပြု​လုပ်​တတ်​သည့် အ​ဂ​တိ​လိုက်​စား​သူ​တ​ရား​သူ​ကြီး​များ​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်​ပါ။
הַֽ֭יְחָבְרְךָ כִּסֵּ֣א הַוֹּ֑ות יֹצֵ֖ר עָמָ֣ל עֲלֵי־חֹֽק׃
21 ၂၁ သူ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို​သေ​ကြောင်း ကြံ​စည်​ကြ​ပါ​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ပါ​၏။
יָ֭גֹודּוּ עַל־נֶ֣פֶשׁ צַדִּ֑יק וְדָ֖ם נָקִ֣י יַרְשִֽׁיעוּ׃
22 ၂၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
וַיְהִ֬י יְהוָ֣ה לִ֣י לְמִשְׂגָּ֑ב וֵ֝אלֹהַ֗י לְצ֣וּר מַחְסִֽי׃
23 ၂၃ ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
וַיָּ֤שֶׁב עֲלֵיהֶ֨ם ׀ אֶת־אֹונָ֗ם וּבְרָעָתָ֥ם יַצְמִיתֵ֑ם יַ֝צְמִיתֵ֗ם יְהוָ֥ה אֱלֹהֵֽינוּ׃

< ဆာလံ 94 >