< ဆာလံ 94 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
Ya Ubangiji, Allahn da yake ramuwa, Ya Allah wanda yake ramuwa, ka haskaka.
2 ၂ ကိုယ်တော်ရှင်သည်လူအပေါင်းတို့အား တရားစီရင်တော်မူသောအရှင်ဖြစ်တော် မူပါ၏။ ထတော်မူ၍မာနကြီးသူတို့အားထိုက်လျောက်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။
Ka tashi, ya Alƙalin duniya; ka sāka wa masu girman kai abin da ya dace da su.
3 ၃ သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
Har yaushe mugaye, ya Ubangiji har yaushe mugaye za su yi ta murna?
4 ၄ ပြစ်မှုကူးလွန်သူတို့သည်အဘယ်မျှကြာအောင် မာန်မာနထောင်လွှား၍ မိမိတို့၏ပြစ်မှုများအကြောင်းကိုကြွားဝါလျက် နေကြပါဦးမည်နည်း။
Suna ta yin maganganun fariya; dukan masu aikata mugunta sun cika da fariya.
5 ၅ အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
Suna murƙushe mutanenka, ya Ubangiji; suna danne gādonka.
6 ၆ သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။
Suna kashe gwauraye da kuma baƙi; suna kisan marayu.
7 ၇ သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။
Suna ce, “Ubangiji ba ya gani; Allah na Yaƙub bai kula ba.”
8 ၈ ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
Ku mai da hankali, ku marasa azanci a cikin mutane; ku wawaye, yaushe za ku zama masu hikima?
9 ၉ ငါတို့၏နားများကိုဖန်ဆင်းတော်မူသော အရှင်သည် မြင်တော်မူနိုင်သည်မဟုတ်လော။
Shi da ya sa kunne ba don a ji ba ne? Shi da ya yi ido ba don yă gani ba ne?
10 ၁၀ လူမျိုးတကာတို့ကိုဆုံးမသောအရှင်သည် သူတို့အားအပြစ်ပေးတော်မူမည်မဟုတ် ပါလော။ လူအပေါင်းတို့ကိုအသိပညာသွန်သင်သော အရှင်သည်အသိပညာရှိတော်မူသည် မဟုတ်ပါလော။
Shi da yake yi wa al’ummai horo ba ya hukunci ne? Shi da yake koya wa mutum ba shi da sani ne?
11 ၁၁ ထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။ သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။
Ubangiji ya san tunanin mutum; ya san cewa tunaninsu banza ne.
12 ၁၂ အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
Mai albarka ne mutumin da ka yi masa horo, ya Ubangiji, mutumin da ka koyar daga dokarka;
13 ၁၃ ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍ မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
kana ba shi sauƙi a lokacin wahala, sai har an haƙa rami wa mugaye.
14 ၁၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
Gama Ubangiji ba zai ƙi mutanensa ba; ba zai taɓa yashe gādonsa ba.
15 ၁၅ တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။ သူတော်ကောင်းအပေါင်းတို့သည်လည်း ယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။
Za a sāke kafa hukunci a kan adalci, kuma dukan masu adalci a zuciya za su bi shi.
16 ၁၆ အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
Wane ne zai yi gāba da mugaye domina? Wane ne zai ɗauki matsayi ya yi gāba da masu aikata mugunta domina?
17 ၁၇ အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော် ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
Da ba don Ubangiji ya yi mini taimako ba, da tuni na zauna shiru a wurin mutuwa.
18 ၁၈ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
Sa’ad da na ce, “Ƙafata na santsi,” ƙaunarka, ya Ubangiji, ta riƙe ni.
19 ၁၉ ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
Sa’ad da alhini ya yi yawa a cikina, ta’aziyyarka ta kawo farin ciki wa raina.
20 ၂၀ ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
Zai yiwu kursiyin da ya cika da lalaci yă haɗa kai da kai, wanda yake kawo azaba ta wurin abin da ya zartar?
21 ၂၁ သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။ အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
Sun yi ƙungiya tare a kan mai adalci suka yanke wa marar laifi hukuncin mutuwa.
22 ၂၂ သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
Amma Ubangiji ya zama kagarata, Allahna kuma dutsen da nake samun mafaka.
23 ၂၃ ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
Zai sāka musu saboda zunubansu yă kuma hallaka su saboda muguntarsu; Ubangiji Allahnmu zai hallaka su.