Preface
Bibles
+
MYC
HBA
X
<
h4039
>
X
<
^
>
<
>
<
ဆာလံ
93
>
1
၁
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
יהוה מלך גאות לבש לבש יהוה עז התאזר אף-תכון תבל בל-תמוט
2
၂
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။
נכון כסאך מאז מעולם אתה
3
၃
အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။
נשאו נהרות יהוה--נשאו נהרות קולם ישאו נהרות דכים
4
၄
ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။
מקלות מים רבים--אדירים משברי-ים אדיר במרום יהוה
5
၅
အို ထာဝရဘုရား၊ ကိုယ်တော်၏ပညတ်တော်တို့သည်ထာဝစဉ် တည်ပါ၏။ ကိုယ်တော်ရှင်၏ဗိမာန်တော်သည်လည်းအစဉ် အမြဲ သန့်ရှင်းမြင့်မြတ်တော်မူပါ၏။
עדתיך נאמנו מאד--לביתך נאוה-קדש יהוה לארך ימים
<
ဆာလံ
93
>
Go to
>
Bookmark
/
Concordance
/
Maps
/
Report Issue
The world's first Holy Bible un-translation!