< ဆာလံ 93 >
1 ၁ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
The Lord reigneth, and is clothed with maiestie: the Lord is clothed, and girded with power: the world also shall be established, that it cannot be mooued.
2 ၂ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။
Thy throne is established of olde: thou art from euerlasting.
3 ၃ အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။
The floodes haue lifted vp, O Lord: the floodes haue lifted vp their voyce: the floods lift vp their waues.
4 ၄ ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။
The waues of ye sea are marueilous through the noyse of many waters, yet the Lord on High is more mightie.
5 ၅ အို ထာဝရဘုရား၊ ကိုယ်တော်၏ပညတ်တော်တို့သည်ထာဝစဉ် တည်ပါ၏။ ကိုယ်တော်ရှင်၏ဗိမာန်တော်သည်လည်းအစဉ် အမြဲ သန့်ရှင်းမြင့်မြတ်တော်မူပါ၏။
Thy testimonies are very sure: holinesse becommeth thine House, O Lord, for euer.