< ဆာလံ 92 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊
«Ψαλμός ωδής διά την ημέραν του Σαββάτου.» Αγαθόν το να δοξολογή τις τον Κύριον και να ψαλμωδή εις το όνομά σου, Υψιστε·
2 ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။
να αναγγέλλη το πρωΐ το έλεός σου και την αλήθειάν σου πάσαν νύκτα,
3
με δεκάχορδον όργανον και με ψαλτήριον· με ωδήν και κιθάραν.
4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​မြောက်​ရွှင်​လန်း​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။
Διότι με εύφρανας, Κύριε, εν τοις ποιήμασί σου· θέλω αγάλλεσθαι εν τοις έργοις των χειρών σου.
5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​သည် ကြီး​မြတ်​လှ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​သည်​လည်း နက်​နဲ​လှ​ပါ​၏။
Πόσον μεγάλα είναι τα έργα σου, Κύριε βαθείς είναι οι διαλογισμοί σου σφόδρα.
6 လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။
Ο άνθρωπος ο ανόητος δεν γνωρίζει, και ο μωρός δεν εννοεί τούτο·
7 ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍ မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်း ထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။
ότι οι ασεβείς βλαστάνουσιν ως ο χόρτος, και ανθούσι πάντες οι εργάται της ανομίας, διά να αφανισθώσιν αιωνίως.
8 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သော​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင် ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။
Αλλά συ, Κύριε, είσαι ύψιστος εις τον αιώνα.
9 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သေ​ကြေ​ပျက်​စီး ရ​ကြ​မည်​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည် အ​ရေး​ရှုံး​နိမ့်​ရ​ကြ​မည်​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​သိ​ပါ​၏။
Διότι, ιδού, οι εχθροί σου, Κύριε, διότι, ιδού, οι εχθροί σου θέλουσιν εξολοθρευθή· θέλουσι διασκορπισθή πάντες οι εργάται της ανομίας.
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။
Αλλά συ θέλεις υψώσει ως του μονοκέρωτος το κέρας μου· εγώ θέλω χρισθή με νέον έλαιον·
11 ၁၁ ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။
και ο οφθαλμός μου θέλει ιδεί την εκδίκησιν των εχθρών μου· τα ώτα μου θέλουσιν ακούσει περί των κακοποιών των επανισταμένων κατ' εμού.
12 ၁၂ သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။
Ο δίκαιος ως φοίνιξ θέλει ανθεί· ως κέδρος του Λιβάνου θέλει αυξάνει.
13 ၁၃ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင်​စိုက်​ပျိုး​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​စိမ်း​လန်း စို​ပြေ​လျက်​နေ​သည့်​သစ်​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​သစ်​ပင်​တို့​သည်​အ​သက်​အို​ချိန်​၌​ပင်​လျှင် အ​သီး​များ​သီး​၍​အ​စဉ်​အ​မြဲ​စိမ်း​လန်း သန်​မာ​လျက်​ရှိ​ကြ​၏။
Πεφυτευμένοι εν τω οίκω του Κυρίου, θέλουσιν ανθεί εν ταις αυλαίς του Θεού ημών·
14 ၁၄
θέλουσι καρποφορεί και εν αυτώ τω βαθεί γήρατι, θέλουσιν είσθαι ακμάζοντες και ανθηροί·
15 ၁၅ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား မျှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​သည်။
διά να αναγγέλλωσιν ότι δίκαιος είναι ο Κύριος, το φρούριόν μου· και δεν υπάρχει αδικία εν αυτώ.

< ဆာလံ 92 >