< ဆာလံ 92 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊
Yahweh, it is good for people to thank you and to sing to praise you [MTY] who are greater than any other god.
2 ၂ ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့် နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍ ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
It is good to proclaim every morning that you faithfully love us, and each night [to sing songs that] declare that you always do what you have promised to do,
accompanied by [musicians playing] harps that have ten strings, and by the sounds made by a lyre.
4 ၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော အမှုတော်များသည်ကျွန်တော်မျိုးအား ဝမ်းမြောက်ရွှင်လန်းစေပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်များကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
Yahweh, you have caused me to be glad; I sing joyfully because of what you [SYN] have done.
5 ၅ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
Yahweh, the things that you do are great! But it is difficult for us to understand [all] that you think.
6 ၆ လူမိုက်တို့မသိနိုင်သောအရာ၊အသိဉာဏ်တုံး သူတို့ နားမလည်နိုင်သောအရာတစ်ခုရှိပါ၏။
There are things [that you do] that foolish people cannot know about, things that stupid people cannot understand.
7 ၇ ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။
They do not understand that although the number of wicked [people] increases [like blades of] grass do [SIM], and they prosper, they will be completely destroyed.
8 ၈ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည် ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
But Yahweh, you [will] exalted/be honored/rule) forever.
9 ၉ ကိုယ်တော်ရှင်၏ရန်သူတို့သည်သေကြေပျက်စီး ရကြမည်ကိုလည်းကောင်း၊ သူယုတ်မာအပေါင်းတို့သည် အရေးရှုံးနိမ့်ရကြမည်ကိုလည်းကောင်း ကျွန်တော်မျိုးတို့သိပါ၏။
Yahweh, your enemies will [certainly] die, and those who do wicked things will be defeated/scattered.
10 ၁၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား နွားလားရိုင်းကဲ့သို့သန်စွမ်းစေတော်မူပါပြီ။ ကျွန်တော်မျိုးအားရွှင်လန်းဝမ်းမြောက်ရခြင်း ကောင်းချီးမင်္ဂလာကိုပေးတော်မူပါပြီ။
But you have caused me to be as strong [MTY] as [SIM] a wild ox; you have caused me to be very joyful [MTY].
11 ၁၁ ရန်သူတို့အရေးရှုံးနိမ့်ကြသည်ကိုကျွန်တော်မျိုး မြင်ရပါပြီ။ သူယုတ်မာတို့ငိုကြွေးသံကိုကြားရပါပြီ။
I [SYN] have seen you defeat my enemies; d I have heard those evil men wail/scream while they were being slaughtered.
12 ၁၂ သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။ သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။
But righteous [people] will prosper like [SIM] palm trees that grow well, or like [SIM] cedar [trees] that grow in Lebanon.
13 ၁၃ သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍ ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။ ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင် အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။
[They are like the trees] that grow near the temple of Yahweh [in Jerusalem], those trees that are close to the courtyard of the temple of our God.
[Even] when righteous people become old, they do many things [IDM] [that please God]. They remain strong and full of energy, [like trees that] [MET] remain full of sap.
15 ၁၅ ဤကားထာဝရဘုရားသည်တရား မျှတတော်မူကြောင်းကိုလည်းကောင်း ငါ့ကိုကွယ်ကာသောအရှင်သည်ကောင်းမြတ် စုံလင်တော်မူကြောင်းကိုလည်းကောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
That shows that Yahweh is just; he is [like a huge] rock [under which I am safe/protected], and he never does anything that is wicked/wrong.