< ဆာလံ 91 >

1 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊
Siya nga nagpuyo sa puloy-anan sa Labing Halangdon magpabilin sa anino sa Labing Gamhanan.
2 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။
Magasulti ako kang Yahweh, “Siya ang akong dalangpanan ug ang akong tigpanalipod, akong Dios, nga akong gisaligan.”
3 ကိုယ်​တော်​သည်​မ​မြင်​နိုင်​သော ဘေး​ဥ​ပဒ်​များ​မှ​လည်း​ကောင်း၊ သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​များ​မှ လည်း​ကောင်း သင့်​ကို​ကင်း​လွတ်​စေ​တော်​မူ​လိမ့်​မည်။
Kay siya magaluwas kanimo gikan sa lit-ag sa mga mangangayam ug gikan sa sakit nga makapatay.
4 ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။ သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။
Panalipdan ka niya sa iyang mga pako, ug ilalom sa iyang mga pako aduna kay dalangpanan. Ang iyang pagkamasaligan mao ang taming ug panalipod.
5 ညဥ့်​အ​ခါ​တွေ့​ရ​တတ်​သော​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ နေ့​အ​ချိန်​ပေါ်​ပေါက်​တတ်​သည့်​အန္တရာယ်​များ ကို​သော်​လည်း​ကောင်း၊
Dili ka mahadlok sa makalilisang nga butang sa kagabhion, o sa mga udyong nga nagalupad sa adlaw,
6 မှောင်​မိုက်​တွင်​ကျ​ရောက်​တတ်​သည့်​ကပ်​ရော​ဂါ​များ ကို​သော်​လည်း​ကောင်း၊ နေ့​လည်​ချိန်​၌​သေ​စေ​တတ်​သည့်​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ ကြောက်​လန့်​ရ​လိမ့်​မည်​မ​ဟုတ်။
o sa kasakitan nga nagapalibot sa kangitngit, o sa mga sakit nga moabot sa kaudtohon.
7 သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊ သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။
Bisan ug mangatumba ang 1000 sa imong kiliran ug 10, 000 sa imong tuong kamot, apan dili kini makaabot kanimo.
8 သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။
Mapanid-an ug makita lamang nimo ang pagsilot sa daotan.
9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အား သင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍
Kay si Yahweh ang akong dalangpanan! Himo-a usab ang Labing Halangdon nga imong dalangpanan.
10 ၁၀ သင်​သည်​ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်၊ သင်​၏​အိမ်​အ​နီး​သို့​လည်း​အ​ဘယ်​ဘေး​ဥ​ပဒ်​မျှ ချဉ်း​ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။
Walay daotan nga makauna kanimo; walay kasakit nga moabot sa imong panimalay.
11 ၁၁ သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။
Kay iyang sugoon ang iyang mga anghel sa pagpanalipod kanimo, sa pagbantay kanimo sa tanan nimong mga dalanon.
12 ၁၂ သူ​တို့​သည်​သင်​၏​ခြေ​ကို​ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ရန်​မိ​မိ​တို့​၏​လက်​ဖြင့်​သင့်​အား ချီ​ပင့်​ကြ​လိမ့်​မည်။
Pagasapnayon ka nila sa ilang mga kamot aron ang imong mga tiil dili maigo sa mga bato.
13 ၁၃ သင်​သည်​ခြင်္သေ့​နှင့်​မြွေ၊ကြောက်​မက်​ဖွယ်​ကောင်း​သည့် ခြင်္သေ့​နှင့်​မြွေ​ဆိုး​တို့​ကို​ခြေ​ဖြင့်​နင်း​ရ​လိမ့် မည်။
Imong pagadugmokon ang mga liyon ug ang mga malalang bitin ilalom sa imong mga tiil; ikaw magatamak sa mga batan-ong liyon ug sa mga serpenti.
14 ၁၄ ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။
Tungod kay matinud-anon siya kanako, luwason ko siya. Panalipdan ko siya tungod kay maunongon siya kanako.
15 ၁၅ သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။
Sa dihang magatawag siya kanako, pagatubagon ko siya. Ubanan ko siya diha sa kalisdanan; hatagan ko siya ug kadaogan ug pasidunggan siya.
16 ၁၆ သူ​တို့​အား​အ​သက်​ရှည်​စေ​၍​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​ခံ​စား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
Tagbawon ko siya pinaagi sa taas nga kinabuhi ug ipakita ko kaniya ang akong kaluwasan.

< ဆာလံ 91 >