< ဆာလံ 90 >
1 ၁ အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
A prayer of Moses, the man of God. Lord, you have been a home to us one generation after another.
2 ၂ တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
Before the mountains were born, or the earth and the world were brought forth, from everlasting to everlasting you are God.
3 ၃ ကိုယ်တော်ရှင်သည်အမိန့်ပေး၍လူသားတို့အား မြေမှုန့်အဖြစ်သို့ပြန်လည်ပြောင်းလဲစေတော် မူပါ၏။
You bring us back to the dust, you summon mortals to return.
4 ၄ ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
For you see a thousand years as the passing of yesterday, as a watch in the night.
5 ၅ ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။ သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။ နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
Your floods sweep them away; they are like a dream, or like grass which sprouts in the morning,
which blossoms and sprouts in the morning, but by evening is cut and withered.
7 ၇ ကိုယ်တော်ရှင်၏အမျက်တော်ကြောင့် ကျွန်တော်မျိုးတို့သည်ပျက်စီးကြပါ၏။ အမျက်တော်အရှိန်ကြောင့်ကြောက်လန့် တုန်လှုပ်ကြပါ၏။
For your anger consumes us, the heat of your wrath confounds us.
8 ၈ ကျွန်တော်မျိုးတို့၏အပြစ်များကိုရှေ့တော်၌ ချထားတော်မူပါ၏။ ကျွန်တော်မျိုးတို့လျှို့ဝှက်ကူးလွန်သည့် ဒုစရိုက်များကိုကိုယ်တော်မြင်သာသည့် နေရာ၌ ချထားတော်မူပါ၏။
Our sins you have set before you, our secrets in the light of your face.
9 ၉ ကျွန်တော်မျိုးတို့သည်အမျက်တော်ကိုခံရ သောကြောင့် အသက်တိုကြရပါ၏။ ကျွန်တော်မျိုးတို့၏အသက်သည်တီးတိုး ပြောသည့် လေသံကဲ့သို့ပျောက်ကွယ်တတ်ပါ၏။
For through your wrath our days are declining, we bring our years to an end as a sigh.
10 ၁၀ ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
The span of our life is seventy years, or, if we are strong, maybe eighty; yet is their breadth but empty toil, for swiftly they go, and we fly away.
11 ၁၁ အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကို အဘယ်သူသည်သိရှိပါသနည်း။
Who lays to heart the power of your anger? Or who stands in reverent awe of your wrath?
12 ၁၂ ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
O teach us to count our days so our minds may learn wisdom.
13 ၁၃ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
Return, O Lord; why so long? Relent on your servants.
14 ၁၄ ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
Grant us your love to the full in the morning, that all our days we may shout for joy.
15 ၁၅ ဒုက္ခရောက်စဉ်အခါကကိုယ်တော်သည် ကျွန်တော်မျိုးတို့အားခံစေသောစိတ်ဆင်းရဲမှု ပမာဏအတိုင်း ယခုအခါ၌ကျွန်တော်မျိုးတို့အားဝမ်းမြောက် ရွှင်လန်းမှုကိုခံစားစေတော်မူပါ။
Make us glad for the days you have humbled us, for the evil years we have seen.
16 ၁၆ ကိုယ်တော်ရှင်၏အစေခံဖြစ်သော ကျွန်တော်မျိုးတို့အားကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတော်တို့ကိုတွေ့မြင်ခွင့် ပေးတော်မူပါ။ ကျွန်တော်မျိုးတို့၏သားမြေးများအား ကိုယ်တော်ရှင်၏ဘုန်းအသရေနှင့်တန်ခိုး အာနုဘော်တော်ကိုတွေ့မြင်ခွင့်ပေးတော်မူပါ။
Let your servants see you in action, show your majesty to their children.
17 ၁၇ ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။
Let the grace of the Lord our God be upon us, uphold what our hands are striving to do.