< ဆာလံ 90 >

1 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ကျွန်​တော်​မျိုး​တို့​၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။
A Prayer of Moses the man of God. Lord, you have been our refuge in all generations.
2 တောင်​များ​ကို​ဖြစ်​ပေါ်​စေ​တော်​မ​မူ​မီ​နှင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ ကိုယ်​တော်​ရှင်​သည်​အ​စ​မ​ရှိ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ အ​ဆုံး​မ​ရှိ​သော​ဘု​ရား​သ​ခင်​လည်း​ဖြစ်​တော် မူ​ပါ​၏။
Before the mountains existed, and [before] the earth and the world were formed, even from age to age, You are.
3 ကိုယ်​တော်​ရှင်​သည်​အ​မိန့်​ပေး​၍​လူ​သား​တို့​အား မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည်​ပြောင်း​လဲ​စေ​တော် မူ​ပါ​၏။
Turn not man back to [his] low place, whereas you said, Return, you sons of men?
4 ကိုယ်​တော်​ရှင်​၏​အ​ဖို့​အ​နှစ်​တစ်​ထောင်​သည် တစ်​နေ့​ကဲ့​သို့​ဖြစ်​ပါ​၏။ ကုန်​လွန်​ပြီး​သည့်​ယ​မန်​နေ့​ကဲ့​သို့​လည်း​ကောင်း၊ တို​တောင်း​သော​ညဥ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​၏။
For a thousand years in your sight are as the yesterday which is past, and as a watch in the night.
5 ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။ နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။
Years shall be vanity to them: let the morning pass away as grass.
6
In the morning let it flower, and pass away: in the evening let it droop, let it be withered and dried up.
7 ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​ပျက်​စီး​ကြ​ပါ​၏။ အ​မျက်​တော်​အ​ရှိန်​ကြောင့်​ကြောက်​လန့် တုန်​လှုပ်​ကြ​ပါ​၏။
For we have perished in your anger, and in your wrath we have been troubled.
8 ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို​ရှေ့​တော်​၌ ချ​ထား​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​လျှို့​ဝှက်​ကူး​လွန်​သည့် ဒု​စ​ရိုက်​များ​ကို​ကိုယ်​တော်​မြင်​သာ​သည့် နေ​ရာ​၌ ချ​ထား​တော်​မူ​ပါ​၏။
You have set our transgressions before you: our age is in the light of your countenance.
9 ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။
For all our days are gone, and we have passed away in your wrath: our years have spun out their tale as a spider.
10 ၁၀ ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။
[As for] the days of our years, in them are seventy years; and if [men should be] in strength, eighty years: and the greater part of them would be labour and trouble; for weakness overtakes us, and we shall be chastened.
11 ၁၁ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကို အ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။
Who knows the power of your wrath?
12 ၁၂ ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှ တို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။
and [who knows how] to number [his days] because of the fear of your wrath? So manifest your right hand, and those that are instructed in wisdom in the heart.
13 ၁၃ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။
Return, O Lord, how long? and be entreated concerning your servants.
14 ၁၄ ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။
We have been satisfied in the morning with your mercy; and we did exult and rejoice:
15 ၁၅ ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်း ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။
let us rejoice in all our days, in return for the days wherein you did afflict us, the years wherein we saw evil.
16 ၁၆ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သော ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို​တွေ့​မြင်​ခွင့် ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ။
And look upon your servants, and upon your works; and guide their children.
17 ၁၇ ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။
And let the brightness of the Lord our God be upon us: and do you direct for us the works of our hands.

< ဆာလံ 90 >