< ဆာလံ 9 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​ပါ​မည်။
အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် နှလုံးအကြွင်းမဲ့ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတော်ရှိသမျှ တို့ကို ပြ ညွှန်ပါမည်။
2 ကိုယ်​တော်​ရှင်​ကို​အ​မှီ​ပြု​၍​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
ကိုယ်တော် ကို အမှီပြု ၍ ဝမ်းသာ ရွှင်လန်း ပါမည်။ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်၊ အမြင့်ဆုံး သောဘုရား။
3 ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။ သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။
အကြောင်း မူကား၊ အကျွန်ုပ် ၏ရန်သူ တို့သည် ပြန် ဆုတ် ၍ လဲ ကြပါ၏။ ရှေ့တော် ၌ ပျက်စီး ကြပါ၏။
4 ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​၍ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​လျက် တ​ရား​စီ​ရင်​တော်​မူ​ပါ​ပြီ။
ကိုယ်တော် သည် အကျွန်ုပ် ဘက်မှာ တရား ဆုံးဖြတ် တော်မူပြီ။ ပလ္လင် တော်ပေါ် မှာ ထိုင် ၍ဖြောင့်မတ် စွာ စီရင် တော်မူပြီ။
5 ကိုယ်​တော်​ရှင်​သည်​ဘု​ရား​မဲ့​သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​အ​မျိုး​သည်​တိမ်​ကော​သွား​လိမ့်​မည်။
တပါး အမျိုးသားတို့ကို ဆုံးမ တော်မူပြီ။ ဆိုး သောသူတို့ ကို ဖျက်ဆီး ၍ သူ တို့ နာမ ကိုကာလ အစဉ်အဆက် ချေ ဖျောက်တော်မူပြီ။
6 ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထာ​ဝ​စဉ် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​၏​မြို့​ကြီး​များ​ကို ဖြို​ဖျက်​တော်​မူ​သ​ဖြင့် ယင်း​တို့​အား​မေ့​လျော့​လျက်​လုံး​ဝ ကွယ်​ပျောက်​သွား​လေ​ပြီ။
ရန်သူ တို့သည် အကုန် အစင်ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။ မြို့ တို့ကို ဖြိုဖျက် တော်မူ၍ ၊ သူ တို့အမှတ် မျှမရှိပျောက် ပါပြီ။
7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​မူ​ကား​ထာ​ဝ​ရ ဘု​ရင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ရား​စီ​ရင်​ရန်​ပလ္လင်​တော်​ကို တည်​တော်​မူ​လေ​ပြီ။
ထာဝရဘုရား မူကား ၊ ကာလအစဉ် အဆက် တည် တော်မူ၏။ တရား ပလ္လင် တော်ကို ပြင်ဆင် ၍၊
8 လော​က​ကို​တ​ရား​သ​ဖြင့်​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​အ​ပေါင်း​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်မူ​၏။
မြေကြီး သားတို့ကို တရား သဖြင့် စီရင် တော်မူ၏။ လူမျိုး တို့အား ဖြောင့်မတ် စွာသော စီရင် ခြင်းကို ပြုတော်မူ၏။
9 ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။
ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသောသူ တို့ ၏ခိုလှုံ ရာ၊ ဘေး အန္တရာယ်ရောက် သည် ကာလ ခိုလှုံ ရာဖြစ်တော်မူ၏။
10 ၁၀ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည် ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။
၁၀နာမ တော်ကို သိ သောသူတို့သည် ကိုယ်တော် ကို ယုံကြည် ကြပါလိမ့်မည်။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကိုရှာ သောသူတို့ ကိုစွန့် ပစ်တော်မ မူ တတ်ပါ။
11 ၁၁ ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။
၁၁ဇိအုန် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ အမှု တော်များကို လူမျိုး တို့အား ဟော ပြောကြလော့။
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။ သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။ သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။
၁၂လူအသက်သတ် ခြင်းအမှုကို စစ် တော်မူ၍ ၊ အသေခံရသောသူ တို့ကို အောက်မေ့ တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့ ၏အော်ဟစ် ခြင်း အသံကိုမေ့လျော့ တော်မ မူတတ်ပါ။
13 ၁၃ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် ကို ကယ်မ သနား တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့၏ ညှဉ်းဆဲ ခြင်းအမှုကိုကြည့်ရှု ၍၊ သေမင်း လက် မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
14 ၁၄ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက် ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။
၁၄သို့ဖြစ်၍ ဂုဏ် ကျေးဇူးတော်အပေါင်း ကို ဇိအုန် မြို့ တံခါး ဝမှာ အကျွန်ုပ်ပြ ညွှန်ပါမည်။ ကယ်တင် တော်မူ ခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက် ပါမည်။
15 ၁၅ ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။
၁၅တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။
၁၆ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့် သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။ (Sheol h7585)
၁၇မတရား သောသူတို့နှင့် ဘုရား သခင်ကို မေ့လျော့ သော အမျိုးသား အပေါင်း တို့သည် မရဏာ နိုင်ငံသို့ နှင် ခြင်းကိုခံရကြလိမ့်မည်။ (Sheol h7585)
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။
၁၈ငတ်မွတ် သောသူတို့ ကို အစဉ် မေ့လျော့ တော် မ မူ။ ဆင်းရဲ သောသူတို့ သည် မြော်လင့် ၍ မရဘဲ အစဉ် မ နေရကြ။
19 ၁၉ အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​လူ​တို့​အာ​ခံ​ရန် ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​အား​ရှေ့​တော်​သို့​ခေါ်​ဆောင်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။
၁၉အိုထာဝရဘုရား ၊ ထ တော်မူပါ။ လူ မ နိုင် ပါစေနှင့်။ တပါးအမျိုးသား တို့သည် ရှေ့ တော်၌ စစ်ကြော စီရင်ခြင်းကိုခံရကြပါစေသော။
20 ၂၀ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​ကြောက်​လန့်​စေ​တော်​မူ​ပါ။ မိ​မိ​တို့​သည်​လူ​မျှ​သာ​ဖြစ်​ကြောင်း​ကို သိ​စေ​တော်​မူ​ပါ။
၂၀အိုထာဝရဘုရား ၊ သူ တို့ကို ချောက် လှန့်တော်မူ ပါ။ သို့ဖြစ်၍မိမိတို့သည် လူ သက်သက်ဖြစ်သည်ကို လူမျိုး တို့သည် သိ ကြပါလိမ့်မည်။

< ဆာလံ 9 >