< ဆာလံ 9 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။
In finem, pro occultis filii. Psalmus David. Confitebor tibi, Domine, in toto corde meo; narrabo omnia mirabilia tua.
2 ၂ ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။
Lætabor et exsultabo in te; psallam nomini tuo, Altissime.
3 ၃ ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။
In convertendo inimicum meum retrorsum; infirmabuntur, et peribunt a facie tua.
4 ၄ ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။
Quoniam fecisti judicium meum et causam meam; sedisti super thronum, qui judicas justitiam.
5 ၅ ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
Increpasti gentes, et periit impius: nomen eorum delesti in æternum, et in sæculum sæculi.
6 ၆ ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
Inimici defecerunt frameæ in finem, et civitates eorum destruxisti. Periit memoria eorum cum sonitu;
7 ၇ သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။
et Dominus in æternum permanet. Paravit in judicio thronum suum,
8 ၈ လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။
et ipse judicabit orbem terræ in æquitate: judicabit populos in justitia.
9 ၉ ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
Et factus est Dominus refugium pauperi; adjutor in opportunitatibus, in tribulatione.
10 ၁၀ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
Et sperent in te qui noverunt nomen tuum, quoniam non dereliquisti quærentes te, Domine.
11 ၁၁ ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။
Psallite Domino qui habitat in Sion; annuntiate inter gentes studia ejus:
12 ၁၂ ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
quoniam requirens sanguinem eorum recordatus est; non est oblitus clamorem pauperum.
13 ၁၃ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
Miserere mei, Domine: vide humilitatem meam de inimicis meis,
14 ၁၄ သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
qui exaltas me de portis mortis, ut annuntiem omnes laudationes tuas in portis filiæ Sion:
15 ၁၅ ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
exultabo in salutari tuo. Infixæ sunt gentes in interitu quem fecerunt; in laqueo isto quem absconderunt comprehensus est pes eorum.
16 ၁၆ ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
Cognoscetur Dominus judicia faciens; in operibus manuum suarum comprehensus est peccator.
17 ၁၇ ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။ (Sheol )
Convertantur peccatores in infernum, omnes gentes quæ obliviscuntur Deum. (Sheol )
18 ၁၈ ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
Quoniam non in finem oblivio erit pauperis; patientia pauperum non peribit in finem.
19 ၁၉ အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။
Exsurge, Domine; non confortetur homo: judicentur gentes in conspectu tuo.
20 ၂၀ အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။
Constitue, Domine, legislatorem super eos, ut sciant gentes quoniam homines sunt.