< ဆာလံ 89 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။ အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
מַ֝שְׂכִּ֗יל לְאֵיתָ֥ן הָֽאֶזְרָחִֽי׃ חַֽסְדֵ֣י יְ֭הוָה עוֹלָ֣ם אָשִׁ֑ירָה לְדֹ֥ר וָדֹ֓ר ׀ אוֹדִ֖יעַ אֱמוּנָתְךָ֣ בְּפִֽי׃
2 ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
כִּֽי־אָמַ֗רְתִּי ע֭וֹלָם חֶ֣סֶד יִבָּנֶ֑ה שָׁמַ֓יִם ׀ תָּכִ֖ן אֱמוּנָתְךָ֣ בָהֶֽם׃
3 ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။ သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟု ငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။
כָּרַ֣תִּֽי בְ֭רִית לִבְחִירִ֑י נִ֝שְׁבַּ֗עְתִּי לְדָוִ֥ד עַבְדִּֽי׃
4
עַד־ע֭וֹלָם אָכִ֣ין זַרְעֶ֑ךָ וּבָנִ֨יתִי לְדֹר־וָד֖וֹר כִּסְאֲךָ֣ סֶֽלָה׃
5 ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။
וְי֘וֹד֤וּ שָׁמַ֣יִם פִּלְאֲךָ֣ יְהוָ֑ה אַף־אֱ֝מֽוּנָתְךָ֗ בִּקְהַ֥ל קְדֹשִֽׁים׃
6 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။ အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။
כִּ֤י מִ֣י בַ֭שַּׁחַק יַעֲרֹ֣ךְ לַיהוָ֑ה יִדְמֶ֥ה לַ֝יהוָ֗ה בִּבְנֵ֥י אֵלִים׃
7 ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။
אֵ֣ל נַ֭עֲרָץ בְּסוֹד־קְדֹשִׁ֣ים רַבָּ֑ה וְ֝נוֹרָ֗א עַל־כָּל־סְבִיבָֽיו׃
8 အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။
יְהוָ֤ה ׀ אֱלֹ֘הֵ֤י צְבָא֗וֹת מִֽי־כָֽמ֖וֹךָ חֲסִ֥ין ׀ יָ֑הּ וֶ֝אֱמֽוּנָתְךָ֗ סְבִיבוֹתֶֽיךָ׃
9 ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။
אַתָּ֣ה מ֭וֹשֵׁל בְּגֵא֣וּת הַיָּ֑ם בְּשׂ֥וֹא גַ֝לָּ֗יו אַתָּ֥ה תְשַׁבְּחֵֽם׃
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။
אַתָּ֤ה דִכִּ֣אתָ כֶחָלָ֣ל רָ֑הַב בִּזְר֥וֹעַ עֻ֝זְּךָ֗ פִּזַּ֥רְתָּ אוֹיְבֶֽיךָ׃
11 ၁၁ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
לְךָ֣ שָׁ֭מַיִם אַף־לְךָ֥ אָ֑רֶץ תֵּבֵ֥ל וּ֝מְלֹאָ֗הּ אַתָּ֥ה יְסַדְתָּֽם׃
12 ၁၂ ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည် ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။
צָפ֣וֹן וְ֭יָמִין אַתָּ֣ה בְרָאתָ֑ם תָּב֥וֹר וְ֝חֶרְמ֗וֹן בְּשִׁמְךָ֥ יְרַנֵּֽנוּ׃
13 ၁၃ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။
לְךָ֣ זְ֭רוֹעַ עִם־גְּבוּרָ֑ה תָּעֹ֥ז יָ֝דְךָ֗ תָּר֥וּם יְמִינֶֽךָ׃
14 ၁၄ ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။
צֶ֣דֶק וּ֭מִשְׁפָּט מְכ֣וֹן כִּסְאֶ֑ךָ חֶ֥סֶד וֶ֝אֱמֶ֗ת יְֽקַדְּמ֥וּ פָנֶֽיךָ׃
15 ၁၅ သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင် ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။
אַשְׁרֵ֣י הָ֭עָם יוֹדְעֵ֣י תְרוּעָ֑ה יְ֝הוָ֗ה בְּֽאוֹר־פָּנֶ֥יךָ יְהַלֵּכֽוּן׃
16 ၁၆ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။
בְּ֭שִׁמְךָ יְגִיל֣וּן כָּל־הַיּ֑וֹם וּבְצִדְקָתְךָ֥ יָרֽוּמוּ׃
17 ၁၇ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။ မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။
כִּֽי־תִפְאֶ֣רֶת עֻזָּ֣מוֹ אָ֑תָּה וּ֝בִרְצֹנְךָ֗ תרים קַרְנֵֽנוּ׃
18 ၁၈ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။
כִּ֣י לַֽ֭יהוָה מָֽגִנֵּ֑נוּ וְלִקְד֖וֹשׁ יִשְׂרָאֵ֣ל מַלְכֵּֽנוּ׃
19 ၁၉ လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။ လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။
אָ֤ז דִּבַּ֥רְתָּֽ־בְחָ֡זוֹן לַֽחֲסִידֶ֗יךָ וַתֹּ֗אמֶר שִׁוִּ֣יתִי עֵ֭זֶר עַל־גִּבּ֑וֹר הֲרִימ֖וֹתִי בָח֣וּר מֵעָֽם׃
20 ၂၀ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။
מָ֭צָאתִי דָּוִ֣ד עַבְדִּ֑י בְּשֶׁ֖מֶן קָדְשִׁ֣י מְשַׁחְתִּֽיו׃
21 ၂၁ သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။
אֲשֶׁ֣ר יָ֭דִי תִּכּ֣וֹן עִמּ֑וֹ אַף־זְרוֹעִ֥י תְאַמְּצֶֽנּוּ׃
22 ၂၂ သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။
לֹֽא־יַשִּׁ֣א אוֹיֵ֣ב בּ֑וֹ וּבֶן־עַ֝וְלָ֗ה לֹ֣א יְעַנֶּֽנּוּ׃
23 ၂၃ ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။ သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။
וְכַתּוֹתִ֣י מִפָּנָ֣יו צָרָ֑יו וּמְשַׂנְאָ֥יו אֶגּֽוֹף׃
24 ၂၄ ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။ သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။
וֶֽאֶֽמוּנָתִ֣י וְחַסְדִּ֣י עִמּ֑וֹ וּ֝בִשְׁמִ֗י תָּר֥וּם קַרְנֽוֹ׃
25 ၂၅ ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။
וְשַׂמְתִּ֣י בַיָּ֣ם יָד֑וֹ וּֽבַנְּהָר֥וֹת יְמִינֽוֹ׃
26 ၂၆ သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။
ה֣וּא יִ֭קְרָאֵנִי אָ֣בִי אָ֑תָּה אֵ֝לִ֗י וְצ֣וּר יְשׁוּעָתִֽי׃
27 ၂၇ ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။
אַף־אָ֭נִי בְּכ֣וֹר אֶתְּנֵ֑הוּ עֶ֝לְי֗וֹן לְמַלְכֵי־אָֽרֶץ׃
28 ၂၈ ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။
לְ֭עוֹלָ֗ם אשמור ־ל֣וֹ חַסְדִּ֑י וּ֝בְרִיתִ֗י נֶאֱמֶ֥נֶת לֽוֹ׃
29 ၂၉ သူ​၏​တိုင်း​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​ကဲ့​သို့ တည်​မြဲ​လိမ့်​မည်။ သူ​၏​သား​မြေး​များ​သည်​အ​ခါ​ခပ်​သိမ်း​ဘု​ရင် ဖြစ်​ကြ​လိမ့်​မည်။
וְשַׂמְתִּ֣י לָעַ֣ד זַרְע֑וֹ וְ֝כִסְא֗וֹ כִּימֵ֥י שָׁמָֽיִם׃
30 ၃၀ ``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည် ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊
אִם־יַֽעַזְב֣וּ בָ֭נָיו תּוֹרָתִ֑י וּ֝בְמִשְׁפָּטַ֗י לֹ֣א יֵלֵכֽוּן׃
31 ၃၁ ငါ​၏​ညွှန်​ကြား​ချက်​များ​ကို​လျစ်​လူ​ရှု​၍ ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​မ​ထိန်း​လျှင် သော်​လည်း​ကောင်း
אִם־חֻקֹּתַ֥י יְחַלֵּ֑לוּ וּ֝מִצְוֺתַ֗י לֹ֣א יִשְׁמֹֽרוּ׃
32 ၃၂ ငါ​သည်​သူ​တို့​ပြု​သည့်​ဒု​စ​ရိုက်​များ​အ​တွက် အ​ပြစ်​ပေး​မည်။ သူ​တို့​၏​အ​မှား​များ​အ​တွက်​ဒဏ်​ခတ်​မည်။
וּפָקַדְתִּ֣י בְשֵׁ֣בֶט פִּשְׁעָ֑ם וּבִנְגָעִ֥ים עֲוֺנָֽם׃
33 ၃၃ သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။ သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။
וְ֭חַסְדִּי לֹֽא־אָפִ֣יר מֵֽעִמּ֑וֹ וְלֹֽא־אֲ֝שַׁקֵּ֗ר בֶּאֱמוּנָתִֽי׃
34 ၃၄ ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။ သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။
לֹא־אֲחַלֵּ֥ל בְּרִיתִ֑י וּמוֹצָ֥א שְׂ֝פָתַ֗י לֹ֣א אֲשַׁנֶּֽה׃
35 ၃၅ ``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။
אַ֭חַת נִשְׁבַּ֣עְתִּי בְקָדְשִׁ֑י אִֽם־לְדָוִ֥ד אֲכַזֵּֽב׃
36 ၃၆ ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။ နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။
זַ֭רְעוֹ לְעוֹלָ֣ם יִהְיֶ֑ה וְכִסְא֖וֹ כַשֶּׁ֣מֶשׁ נֶגְדִּֽי׃
37 ၃၇ သူ​၏​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​တွင်​တည်​မြဲ​သော သက်​သေ​ဖြစ်​သည့်​လ​ကဲ့​သို့ အ​စဉ်​အ​မြဲ​တည်​လျက်​နေ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
כְּ֭יָרֵחַ יִכּ֣וֹן עוֹלָ֑ם וְעֵ֥ד בַּ֝שַּׁ֗חַק נֶאֱמָ֥ן סֶֽלָה׃
38 ၃၈ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။
וְאַתָּ֣ה זָ֭נַחְתָּ וַתִּמְאָ֑ס הִ֝תְעַבַּ֗רְתָּ עִם־מְשִׁיחֶֽךָ׃
39 ၃၉ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။
נֵ֭אַרְתָּה בְּרִ֣ית עַבְדֶּ֑ךָ חִלַּ֖לְתָּ לָאָ֣רֶץ נִזְרֽוֹ׃
40 ၄၀ သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။
פָּרַ֥צְתָּ כָל־גְּדֵרֹתָ֑יו שַׂ֖מְתָּ מִבְצָרָ֣יו מְחִתָּה׃
41 ၄၁ သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။ အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။
שַׁ֭סֻּהוּ כָּל־עֹ֣בְרֵי דָ֑רֶךְ הָיָ֥ה חֶ֝רְפָּ֗ה לִשְׁכֵנָֽיו׃
42 ၄၂ ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။
הֲ֭רִימוֹתָ יְמִ֣ין צָרָ֑יו הִ֝שְׂמַ֗חְתָּ כָּל־אוֹיְבָֽיו׃
43 ၄၃ ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။
אַף־תָּ֭שִׁיב צ֣וּר חַרְבּ֑וֹ וְלֹ֥א הֲ֝קֵימֹת֗וֹ בַּמִּלְחָמָֽה׃
44 ၄၄ ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍ သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။
הִשְׁבַּ֥תָּ מִטְּהָר֑וֹ וְ֝כִסְא֗וֹ לָאָ֥רֶץ מִגַּֽרְתָּה׃
45 ၄၅ ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
הִ֭קְצַרְתָּ יְמֵ֣י עֲלוּמָ֑יו הֶֽעֱטִ֨יתָ עָלָ֖יו בּוּשָׁ֣ה סֶֽלָה׃
46 ၄၆ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှ ကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။
עַד־מָ֣ה יְ֭הוָה תִּסָּתֵ֣ר לָנֶ֑צַח תִּבְעַ֖ר כְּמוֹ־אֵ֣שׁ חֲמָתֶֽךָ׃
47 ၄၇ ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
זְכָר־אֲנִ֥י מֶה־חָ֑לֶד עַל־מַה־שָּׁ֝֗וְא בָּרָ֥אתָ כָל־בְּנֵי־אָדָֽם׃
48 ၄၈ အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။ လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။ (Sheol h7585)
מִ֤י גֶ֣בֶר יִֽ֭חְיֶה וְלֹ֣א יִרְאֶה־מָּ֑וֶת יְמַלֵּ֨ט נַפְשׁ֖וֹ מִיַּד־שְׁא֣וֹל סֶֽלָה׃ (Sheol h7585)
49 ၄၉ အို ဘု​ရား​သ​ခင်၊ ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။
אַיֵּ֤ה ׀ חֲסָדֶ֖יךָ הָרִאשֹׁנִ֥ים ׀ אֲדֹנָ֑י נִשְׁבַּ֥עְתָּ לְ֝דָוִ֗ד בֶּאֱמוּנָתֶֽךָ׃
50 ၅၀ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကို အ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။
זְכֹ֣ר אֲ֭דֹנָי חֶרְפַּ֣ת עֲבָדֶ֑יךָ שְׂאֵתִ֥י בְ֝חֵיקִ֗י כָּל־רַבִּ֥ים עַמִּֽים׃
51 ၅၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။
אֲשֶׁ֤ר חֵרְפ֖וּ אוֹיְבֶ֥יךָ ׀ יְהוָ֑ה אֲשֶׁ֥ר חֵ֝רְפ֗וּ עִקְּב֥וֹת מְשִׁיחֶֽךָ׃
52 ၅၂ ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။ အာ​မင်၊ အာ​မင်။
בָּר֖וּךְ יְהוָ֥ה לְ֝עוֹלָ֗ם אָ֘מֵ֥ן ׀ וְאָמֵֽן׃

< ဆာလံ 89 >