< ဆာလံ 86 >
1 ၁ ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
Inclina, o! Jehová, tu oído, y óyeme: porque soy afligido y menesteroso.
2 ၂ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာစောင့်သည်ဖြစ်၍ ကျွန်တော်မျိုးအားသေဘေးမှကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားကိုး စားသော အစေခံဖြစ်သောကြောင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။
Guarda mi alma, porque soy piadoso; salva a tu siervo, tú, o! Dios mío, que en ti confía.
3 ၃ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
Ten misericordia de mí, o! Jehová: porque a ti clamo todo el día.
4 ၄ အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
Alegra el alma de tu siervo: porque a ti, o! Señor, levanto mi alma.
5 ၅ ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
Porque tú Señor eres bueno, y perdonador: y grande en misericordia a todos los que te invocan.
6 ၆ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
Escucha, o! Jehová, mi oración, y está atento a la voz de mis ruegos.
7 ၇ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူသည်ဖြစ်၍ ဒုက္ခရောက်ချိန်များ၌ကျွန်တော်မျိုးသည် ကိုယ်တော်ကိုခေါ်ပါ၏။
En el día de mi angustia te llamaré: porque me respondes.
8 ၈ အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
O! Señor, no hay como tú entre los dioses: ni como tus obras.
9 ၉ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
Todas las gentes que hiciste, vendrán, y se humillarán delante de ti, Señor: y glorificarán tu nombre.
10 ၁၀ ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
Porque tú eres grande, y hacedor de maravillas: tú solo eres Dios.
11 ၁၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။
Enséñame, o! Jehová, tu camino: ande yo en tu verdad: aúna mi corazón, para que tema tu nombre.
12 ၁၂ အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
Alabarte he, o! Jehová, Dios mío, con todo mi corazón: y glorificaré tu nombre para siempre.
13 ၁၃ ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။ (Sheol )
Porque tu misericordia es grande sobre mí: y escapaste mi alma del hoyo profundo. (Sheol )
14 ၁၄ အို ဘုရားသခင်၊ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
O! Dios, soberbios se levantaron contra mí: y conspiración de fuertes buscaron a mi alma; y no te pusieron delante de sí.
15 ၁၅ အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
Mas tú Señor, Dios misericordioso, y clemente, luengo de iras, y grande en misericordia y verdad;
16 ၁၆ ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့် ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။
Mira en mí, y ten misericordia de mí: da tu fortaleza a tu siervo, y guarda al hijo de tu sierva.
17 ၁၇ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူကြောင်းကိုသက်သေပြ တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သိမ့် မှုနှင့် ကူညီမစမှုပေးတော်မူသည်ကို ကျွန်တော်မျိုးကိုမုန်းသောသူတို့သည် မြင်ကြသောအခါအရှက်ရကြပါ လိမ့်မည်။
Haz conmigo señal para bien, y veán la los que me aborrecen, y sean avergonzados: porque tú, Jehová, me ayudaste y me consolaste.