< ဆာလံ 86 >

1 ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။ ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။
Kasakkung: Devit Oe BAWIPA, na hnâpakeng nateh, na thai pouh haw. Bangkongtetpawiteh, mathoe hoi ka vout e lah ka o.
2 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​စောင့်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ကိုး စား​သော အ​စေ​ခံ​ဖြစ်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
ka hringnae heh na khetyawt teh, ka thoung e lah ka o. Ka Cathut lah na o. Nang kâuep e na san hah na rungngang haw.
3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​တစ်​နေ့​လုံး ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
Oe BAWIPA, na pahren haw. Bangkongtetpawiteh, kanîloum totouh nang teh pou na kaw.
4 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ထံ​သို့ ဆု​တောင်း​သည်​ဖြစ်​၍​ကိုယ်​တော်​ရှင့်​အ​စေ ခံ​အား ဝမ်း​မြောက်​စေ​တော်​မူ​ပါ။
Na san hringnae heh lunghawi sak haw. Bangkongtetpawiteh, Oe Bawipa, ka hringnae ni nang dueng doeh na khet.
5 ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။
Bangkongtetpawiteh, Bawipa, nang teh na hawi. Ngaithoum hanelah coungkacoe na kâcai teh, na ka kaw e pueng koe pahrennae moikapap na ka tawn e lah na o.
6 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။
Oe BAWIPA, ka ratoumnae heh na thai pouh haw. Pahrennae ka hei e heh na thai pouh haw.
7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍ ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။
Runae kâhmo navah na kaw han. Bangkongtetpawiteh, nang ni teh na pato han.
8 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​ဘု​ရား​မျှ​မ​ပြု​ခဲ့​ပါ။
Oe BAWIPA, cathutnaw thung dawk nang hoi kâvan e awm hoeh. Na sak e patetlah ka sak thai e hai awm hoeh.
9 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ​၍​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။
Oe Bawipa na sak e miphun pueng, na hmalah tho vaiteh na bawk awh vaiteh, na min a pholen awh han.
10 ၁၀ ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
Bangkongtetpawiteh, nang teh na lentoe teh, kângairuhno ouk na sak. Nang dueng doeh Cathut.
11 ၁၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။
Oe BAWIPA, na lam heh na cangkhai haw. Na lawkkatang dawk ka o han. Na min bari nahanelah lungthin buet touh lah na tawn sak haw.
12 ၁၂ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
Oe Bawipa ka Cathut, ka lungthin abuemlahoi na pholen vaiteh, na min teh a yungyoe hoi ka tawmrasang han.
13 ၁၃ ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။ (Sheol h7585)
Bangkongtetpawiteh, kai dawk na lungmanae teh a len poung. Ka dungpoung e Sheol hoi ka muitha teh na rungngang toe. (Sheol h7585)
14 ၁၄ အို ဘု​ရား​သ​ခင်၊ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​လူ​တစ်​စု​သည် ကျွန်​တော်​မျိုး​ကို သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ပ​မာ​ဏ​မပြု​ကြ​ပါ။
Oe Cathut, tami kâoupnaw ni na taran teh, tamimathoutnaw ni ka hringnae a tawng awh, a hmalah nang hah na tat awh hoeh.
15 ၁၅ အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။
Hatei, Oe BAWIPA, nang teh, lungmanae, lungpatawnae, lungsawnae, poukthainae, hoi lawkkatang hoi kakawi e Cathut doeh.
16 ၁၆ ကျွန်​တော်​မျိုး​ထံ​ကြွ​တော်​မူ​၍​ကျွန်​တော်​မျိုး အား သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​မိ​ခင်​နည်း​တူ ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံ​ပါ​သ​ဖြင့် ကျွန်​တော်​မျိုး​အား​ခွန်​အား​စွမ်း​ရည်​ကို ပေး​တော်​မူ​ပြီး​လျှင်​ကယ်​တော်​မူ​ပါ။
Kai koelah kamlang nateh na pahren haw. Na san koe thaonae na poe haw, na sannu capa heh na rungngang haw.
17 ၁၇ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။
Hawinae hanlah mitnoutnae kamnuek sak haw. Na kahmawt ngaihoeh naw ni a hmu awh toteh, kayak awh naseh. BAWIPA nang ni na kabawp teh lung na pahawi.

< ဆာလံ 86 >