< ဆာလံ 85 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။
Fún adarí orin. Ti àwọn ọmọ Kora. Saamu. Ìwọ fi ojúrere hàn fún ilé rẹ, Olúwa; ìwọ mú ohun ìní Jakọbu bọ̀ sí ipò.
2 ၂ ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
Ìwọ dárí àìṣedéédéé àwọn ènìyàn rẹ jì ìwọ sì bó ẹ̀ṣẹ̀ wọn mọ́lẹ̀. (Sela)
3 ၃ သူတို့အားအမျက်ထွက်တော်မမူတော့ဘဲ ကိုယ်တော်၏ပြင်းထန်သောအမျက်ပြေတော် မူပါပြီ။
Ìwọ fi àwọn ìbínú rẹ sápá kan ìwọ sì yípadà kúrò nínú ìbínú gbígbóná rẹ.
4 ၄ ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
Yí wa padà, Ọlọ́run ìgbàlà wa, kí o sì yí ìbínú rẹ̀ padà kúrò lọ́dọ̀ wa.
5 ၅ ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
Ìwọ yóò ha máa bínú sí wa títí láé? Ìwọ yóò ha mú ìbínú rẹ pẹ́ yí gbogbo ìran ká?
6 ၆ ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
Ìwọ kì yóò ha sọ wá jí padà mọ́, pé kí àwọn ènìyàn rẹ lè yọ nínú rẹ?
7 ၇ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။
Fi ìfẹ́ rẹ tí kò le è kùnà hàn wá, Olúwa, kí o sì fún wa ní ìgbàlà rẹ.
8 ၈ ငါသည်ထာဝရအရှင်ဘုရားသခင် မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသော ငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။
Èmi ó gbọ́ ohun tí Olúwa Ọlọ́run yóò wí; ó ṣèlérí àlàáfíà fún àwọn ènìyàn rẹ̀, àní ẹni mímọ́ rẹ̀, ṣùgbọ́n má ṣe jẹ́ kí wọn padà sí àìmoye.
9 ၉ ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
Nítòótọ́ ìgbàlà rẹ̀ súnmọ́ àwọn tí ó bẹ̀rù rẹ̀, pé kí ògo rẹ̀ kí ó lè gbé ní ilẹ̀ wa.
10 ၁၀ မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
Ìfẹ́ àti òtítọ́ parapọ̀; òdodo àti àlàáfíà fẹnu ko ara wọn.
11 ၁၁ လူတို့သစ္စာစောင့်မှုသည်ကမ္ဘာလောကမှ ပေါ်ထွက်လာ၍ ဘုရားသခင်၏တရားမျှတမှုသည် ကောင်းကင်ဘုံမှငုံ့ကြည့်လိမ့်မည်။
Òtítọ́ ń sun jáde láti ilẹ̀ wá òdodo sì bojú wolẹ̀ láti ọ̀run.
12 ၁၂ ထာဝရဘုရားသည်ငါတို့အား ကြွယ်ဝချမ်းသာစေတော်မူလိမ့်မည်။ ငါတို့၏ပြည်သည်လည်းကောက်ပဲသီးနှံ များစွာထွက်လိမ့်မည်။
Olúwa yóò fi ohun dídára fún ni nítòótọ́, ilẹ̀ wa yóò sì mú ìkórè rẹ̀ jáde.
13 ၁၃ တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။
Òdodo síwájú rẹ lọ o sì pèsè ọ̀nà fún ìgbésẹ̀ rẹ̀.