< ဆာလံ 85 >
1 ၁ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။
In finem, filiis Core, Psalmus. Benedixisti Domine terram tuam: avertisti captivitatem Iacob.
2 ၂ ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
Remisisti iniquitatem plebis tuæ: operuisti omnia peccata eorum.
3 ၃ သူတို့အားအမျက်ထွက်တော်မမူတော့ဘဲ ကိုယ်တော်၏ပြင်းထန်သောအမျက်ပြေတော် မူပါပြီ။
Mitigasti omnem iram tuam: avertisti ab ira indignationis tuæ.
4 ၄ ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
Converte nos Deus salutaris noster: et averte iram tuam a nobis.
5 ၅ ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
Numquid in æternum irasceris nobis? aut extendes iram tuam a generatione in generationem?
6 ၆ ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
Deus tu conversus vivificabis nos: et plebs tua lætabitur in te.
7 ၇ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။
Ostende nobis Domine misericordiam tuam: et salutare tuum da nobis.
8 ၈ ငါသည်ထာဝရအရှင်ဘုရားသခင် မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသော ငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။
Audiam quid loquatur in me Dominus Deus: quoniam loquetur pacem in plebem suam. Et super sanctos suos: et in eos, qui convertuntur ad cor.
9 ၉ ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
Verumtamen prope timentes eum salutare ipsius: ut inhabitet gloria in terra nostra.
10 ၁၀ မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
Misericordia, et veritas obviaverunt sibi: iustitia, et pax osculatæ sunt.
11 ၁၁ လူတို့သစ္စာစောင့်မှုသည်ကမ္ဘာလောကမှ ပေါ်ထွက်လာ၍ ဘုရားသခင်၏တရားမျှတမှုသည် ကောင်းကင်ဘုံမှငုံ့ကြည့်လိမ့်မည်။
Veritas de terra orta est: et iustitia de cælo prospexit.
12 ၁၂ ထာဝရဘုရားသည်ငါတို့အား ကြွယ်ဝချမ်းသာစေတော်မူလိမ့်မည်။ ငါတို့၏ပြည်သည်လည်းကောက်ပဲသီးနှံ များစွာထွက်လိမ့်မည်။
Etenim Dominus dabit benignitatem: et terra nostra dabit fructum suum.
13 ၁၃ တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။
Iustitia ante eum ambulabit: et ponet in via gressus suos.