< ဆာလံ 85 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။
For the Leader. A Psalm of the sons of Korah. LORD, Thou hast been favourable unto Thy land, Thou hast turned the captivity of Jacob.
2 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကို ဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။
Thou hast forgiven the iniquity of Thy people, Thou hast pardoned all their sin. (Selah)
3 သူ​တို့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ ကိုယ်​တော်​၏​ပြင်း​ထန်​သော​အ​မျက်​ပြေ​တော် မူ​ပါ​ပြီ။
Thou hast withdrawn all Thy wrath; Thou hast turned from the fierceness of Thine anger.
4 ကျွန်​တော်​မျိုး​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​မ​နှစ်​သက်​မှု​ရှိ​တော် မ​မူ​ပါ​နှင့်။
Restore us, O God of our salvation, and cause Thine indignation toward us to cease.
5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။
Wilt Thou be angry with us for ever? Wilt Thou draw out Thine anger to all generations?
6 ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။ သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။
Wilt Thou not quicken us again, that Thy people may rejoice in Thee?
7 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ပြ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား ကယ်​တင်​တော်​မူ​ပါ။
Show us Thy mercy, O LORD, and grant us Thy salvation.
8 ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သော ငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။
I will hear what God the LORD will speak; for He will speak peace unto His people, and to His saints; but let them not turn back to folly.
9 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​ကို​ကယ်​တော်​မူ​ရန်​အ​မှန်​ပင် အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​လည်း ငါ​တို့​ပြည်​တွင်​ကျိန်း​ဝပ်​လျက်​နေ​လိမ့်​မည်။
Surely His salvation is nigh them that fear Him; that glory may dwell in our land.
10 ၁၀ မေတ္တာ​နှင့်​သစ္စာ​သည်​ဆုံ​မိ​ကြ​လိမ့်​မည်။ တ​ရား​မျှ​တ​မှု​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​သည် ဖက်​ယမ်း​ကြ​လိမ့်​မည်။
Mercy and truth are met together; righteousness and peace have kissed each other.
11 ၁၁ လူ​တို့​သစ္စာ​စောင့်​မှု​သည်​ကမ္ဘာ​လော​က​မှ ပေါ်​ထွက်​လာ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု​သည် ကောင်း​ကင်​ဘုံ​မှ​ငုံ့​ကြည့်​လိမ့်​မည်။
Truth springeth out of the earth; and righteousness hath looked down from heaven.
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကြွယ်​ဝ​ချမ်း​သာ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ပြည်​သည်​လည်း​ကောက်​ပဲ​သီး​နှံ များ​စွာ​ထွက်​လိမ့်​မည်။
Yea, the LORD will give that which is good; and our land shall yield her produce.
13 ၁၃ တ​ရား​မျှ​တ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​ပြေး​ဖြစ်​၍​ကြွ​လာ​တော်​မူ​ရာ​လမ်း ခ​ရီး​ကို ကြို​တင်​ပြင်​ဆင်​ပေး​လိမ့်​မည်။
Righteousness shall go before Him, and shall make His footsteps a way.

< ဆာလံ 85 >