< ဆာလံ 84 >

1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​လျက်
NANI wale kou wahi noho ai, e Iehova o na kaua!
2 ထို​အ​ရပ်​တွင်​လွန်​စွာ​နေ​လို​လှ​ပါ​သည်။ ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တံ​တိုင်း​များ​ကို​တ​သ​ပါ​၏။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ဝမ်း မြောက်​စွာ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။
Iini ko'u uhane, no na hale o Iehova; Kahea aku no ko'u naau a me ko'u kino i ke Akua, i ke Akua ola.
3 ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ စာ​ငှက်​များ​နှင့်​ဇ​ရက်​များ​ပင်​လျှင်​မိ​မိ​တို့​၏ အ​သိုက်​အ​အုံ​များ​ကို ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​အ​နီး​တွင်​ဆောက် လုပ်​၍ သား​ငယ်​များ​ကို​ထား​ကြ​ပါ​၏။
Ua loaa i ka manu liilii ka hale, A i ka derora hoi, ka punana, Aia ma kou mau kuahu, e Iehova o na kaua, Kahi e waiho ai i kana mau keiki, E kuu alii a me ko'u Akua.
4 ကိုယ်​တော်​ရှင်​အား​အ​စဉ်​မ​ပြတ်​ထော​မ​နာ ပြု​လျက် ဗိ​မာန်​တော်​တွင်​နေ​ကြ​သူ​တို့​သည်​အ​လွန်​ပင် မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။
Ua pomaikai ka poe e noho la ma kou hale; Ua mau loa no ko lakou halelu ana ia oe. (Sila)
5 ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ​ခွန်​အား​စွမ်း​ရည်​ကို ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။ သူ​တို့​သည်​ဇိ​အုန်​တောင်​တော်​သို့​ခ​ရီး​ပြု​ရန် စိတ်​ထက်​သန်​ကြ​ပါ​၏။
Pomaikai ke kanaka i loaa ka ikaika ia oe, A me ka poe i paa na alanui maikai iloko o ko lakou naau.
6 ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။ မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။
Ia lakou e hele ae ma ke kahawai o Baka, Hoolilo lakou ia ia i waipuna; Na ka ua hoi e hoopiha i na punawai.
7 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ရင်း​ခွန်​အား​တိုး​၍ လာ​ကြ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘု​ရား​တ​ကာ တို့​၏ ဘု​ရား​ကို​ဖူး​မြင်​ရ​ကြ​ပါ​လိမ့်​မည်။
Hele no lakou, mai kela ikaika, a i keia ikaika aku, E ikeia mai lakou e ke Akua ma Ziona.
8 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​ပါ။ အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။
E Iehova ke Akua o na kaua, E hoolohe mai oe i ka'u pule; E haliu mai kou pepeiao, e ke Akua o Iakoba. (Sila)
9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​ထား​တော်​မူ​သော ဘု​ရင်​တည်း​ဟူ​သော​ကျွန်​တော်​မျိုး​တို့ ၏​ဘု​ရင်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ။
E ke Akua, e nana oe i ko makou palekaua, E ike hoi i ka maka o ka Mea au i poni ai.
10 ၁၀ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။
No ka mea, ua oi aku ka maikai o ka la hookahi ma kou hale mamua o ka tausani. Ua oi aku ko'u makemake i ke kiai puka ma ka hale o ko'u Akua, Mamua o ka noho ana ma na halelewa o ka poe hewa.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ဘုန်း​ကြီး​တော် မူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​သ​နား​ကြင်​နာ​၍ ချီး​မြှင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​တို့​အား ကောင်း​မြတ်​သည့်​အ​ရာ​များ​ကို​ပေး​ရန်​ငြင်း တော်​မ​မူ။
No ka mea, o Iehova, ke Akua, he la no ia, a he palekaua; E haawi mai no o Iehova i ka lokomaikai, a me ka hanohano; Aole ia e aua i kekahi mea maikai i ka poe hele ma ka pololei.
12 ၁၂ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​လွန်​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။
E Iehova o na kaua, Ua pomaikai ke kanaka hilinai aku ia oe.

< ဆာလံ 84 >