< ဆာလံ 83 >
1 ၁ အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။
A Song, a Melody of Asaph. O God, Do not keep quiet, Do not hold thy peace, Neither be thou still, O GOD!
2 ၂ ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
For lo! thine enemies, are tumultuous, And, they who hate thee, have lifted up the head;
3 ၃ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသော သူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။
Against thy people, they craftily devise a secret plot, And conspire against thy treasured ones.
4 ၄ သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
They have said—Come, and let us wipe them out from being a nation, That the name of Israel may be remembered no more.
5 ၅ သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက် ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
For they have taken counsel with one heart, Against thee—a covenant, would they solemnize—
6 ၆ ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
The tents of Edom, and the Ishmaelites, of Moab and the Hagarenes;
7 ၇ ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
Gebal and Ammon, and Amalek, The Philistines, with the dwellers in Tyre;
8 ၈ အာရှုရိအမျိုးသားများသည်လည်းလောတ၏ သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
Even Assyria hath joined herself with them, They have become an arm to the sons of Lot. (Selah)
9 ၉ အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။
Make them like Midian, like Sisera, like Jabin, by the torrent of Kishon;
They perished at En-dor, They become manure for the soil!
11 ၁၁ သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။
Make them—their nobles—like Oreb and like Zeeb, And, like Zebah and like Zalmunna, all their princes:
12 ၁၂ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။
Who said—Let us take a possession for ourselves, The pastures of God!
13 ၁၃ အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
O my God, make them, As whirling [dust], As chaff before a wind;
14 ၁၄ သစ်တောကိုကျွမ်းလောင်စေသည့် မီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းများကိုကျွမ်းလောင်စေသည့် မီးတောက်မီးလျှံကဲ့သို့လည်းကောင်း
As a fire burneth a forest, —And as a flame setteth mountains ablaze,
15 ၁၅ ကိုယ်တော်ရှင်၏မိုးသက်မုန်တိုင်းအားဖြင့် သူတို့အားလိုက်လံတိုက်ခိုက်တော်မူပါ။ ကိုယ်တော်ရှင်၏လေပြင်းအားဖြင့်သူတို့ကို ကြောက်လန့်စေတော်မူပါ။
So, wilt thou pursue them with thy tempest, —And, with thy storm-wind, wilt terrify them:
16 ၁၆ အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏တန်ခိုးတော် ကြီးမားကြောင်းကိုဝန်ခံကြစေရန်မျက်နှာကို ရှက်စေတော်မူပါ။
Fill thou their faces with dishonour, That men may seek thy Name, O Yahweh;
17 ၁၇ သူတို့သည်အစဉ်အမြဲအရေးရှုံးနိမ့်လျက် ထိတ်လန့်ကြပါစေသော။ သူတို့သည်လုံးဝဂုဏ်အသရေပျက်လျက် သေကျေကြပါစေသော။
Let them turn pale, and be terrified to futurity, Yea let them blush, and perish:
18 ၁၈ သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။
That men may know that, thou, Whose Name alone is Yahweh, Art Most High over all the earth.