< ဆာလံ 82 >
1 ၁ ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
(En Salme af Asaf.) Gud står frem i Guders Forsamling midt iblandt Guder holder han Dom
2 ၂ ``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။ သူယုတ်မာတို့၏မျက်နှာကိုထောက်၍ တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
"Hvor længe vil I dømme uredeligt og holde med de gudløse? (Sela)
3 ၃ ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။ ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
Skaf de ringe og faderløse Ret, kend de arme og nødstedte fri;
4 ၄ သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
red de ringe og fattige, fri dem ud af de gudløses Hånd!
5 ၅ ``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
Dog, de kender intet, sanser intet, i Mørke vandrer de om, alle Jordens Grundvolde vakler.
6 ၆ သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
Jeg har sagt, at I er Guder, I er alle den Højestes Sønner;
7 ၇ သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။ မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။''
dog skal I dø som Mennesker, styrte som en af Fyrsterne!"
8 ၈ အို ဘုရားသခင်၊ ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။ လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။
Rejs dig, o Gud, døm Jorden, thi alle Folkene får du til Arv!