< ဆာလံ 80 >
1 ၁ ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
Pazljivo prisluhni, Pastir Izraela, ti, ki vodiš Jožefa kakor trop, ti, ki prebivaš med keruboma, zasij.
2 ၂ ဧဖရိမ်၊ဗင်္ယာမိန်နှင့်မနာရှေအမျိုးအနွယ် တို့အား ပေါ်လွင်ထင်ရှား၍ တန်ခိုးတော်ကိုပြတော်မူပြီးလျှင်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
Pred Efrájimom, Benjaminom in Manásejem razvnemi svojo moč ter pridi in nas reši.
3 ၃ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါလိမ့်မည်။
Ponovno nas spreobrni, oh Bog in svojemu obrazu povzroči, da zasije in mi bomo rešeni.
4 ၄ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကာလပတ်လုံး မိမိ၏လူစုတော်ပြုသည့်ဆုတောင်းပတ္ထနာ များကို အမျက်ထွက်၍နေတော်မူပါမည်နည်း။
Oh Gospod, Bog nad bojevniki, doklej boš jezen proti molitvi svojega ljudstva?
5 ၅ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
Hraniš jih s kruhom solza in jim daješ, da v veliki meri pijejo solze.
6 ၆ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။
Delaš nas prepir našim sosedom in naši sovražniki se smejijo med seboj.
7 ၇ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့အား ပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကိုပြတော် မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါမည်။
Ponovno nas spreobrni, oh Bog nad bojevniki in svojemu obrazu povzroči, da zasije in mi bomo rešeni.
8 ၈ ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။
Iz Egipta si privedel trto, spodil si pogane in jo zasadil.
9 ၉ ကိုယ်တော်ရှင်သည်စပျစ်ပင်ပေါက်နိုင်ရန်မြေကို ရှင်းလင်းပြုပြင်တော်မူပါ၏။ ထိုအပင်သည်နက်စွာအမြစ်စွဲလျက်တစ်ပြည် လုံးကို လွှမ်းမိုးပါ၏။
Pred njo si pripravil prostor in ji povzročil, da je napravila globoko korenino in napolnila zemljo.
10 ၁၀ ယင်းသည်တောင်ကုန်းများကိုမိမိ၏ အရိပ်ဖြင့်လည်းကောင်း၊ ကြီးမားသည့်အာရဇ်ပင်များကိုမိမိ၏အကိုင်း အခက်များဖြင့်လည်းကောင်းဖုံးလွှမ်းစေပါ၏။
Hribi so bili pokriti z njeno senco in njene veje so bile podobne čednim cedram.
11 ၁၁ ယင်း၏အခက်အလက်တို့သည်မြေထဲပင်လယ် သို့တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်သို့တိုင်အောင်လည်းကောင်း ရောက်ရှိကြပါ၏။
Njene veje je poslala v morje in njene mladike v reko.
12 ၁၂ ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကို အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ ယခုအခါအနီးမှဖြတ်သန်းသွားလာ သူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
Zakaj si ti potem podrl njene ograje, tako da jo smukajo vsi, ki gredo mimo po poti?
13 ၁၃ ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
Merjasec iz gozda jo pustoši in poljska žival jo požira.
14 ၁၄ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့ထံ တစ်ဖန်ကြွတော်မူပါ။ ကောင်းကင်ဘုံမှငုံ့၍ကြည့်တော်မူပါ။ ကြွလာတော်မူ၍ကိုယ်တော်၏လူစုတော်ကို ကယ်တော်မူပါ။
Vrni se, rotimo te, oh Bog nad bojevniki, poglej dol z neba in glej in obišči to trto
15 ၁၅ ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင် အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
in vinograd, ki ga je zasadila tvoja desnica in mladiko, ki si jo zaradi sebe naredil močno.
16 ၁၆ ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
Požgana je z ognjem, posekana je. Oni se pogubljajo ob graji tvojega obličja.
17 ၁၇ ကိုယ်တော်ရှင်ရွေးချယ်တော်မူသောလူစု၊ အင်အားကြီးမားအောင် ကိုယ်တော်ရှင်ပြုစုတော်မူသည့်လူမျိုးကို ကာကွယ်စောင့်ရှောက်တော်မူပါ။
Naj bo tvoja roka nad človekom tvoje desnice, nad sinom človekovim, ki si ga storil močnega zase.
18 ၁၈ ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
Tako od tebe ne bomo odšli nazaj. Oživi nas in mi bomo klicali tvoje ime.
19 ၁၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။
Ponovno nas spreobrni, oh Gospod Bog nad bojevniki, svojemu obrazu povzroči, da zasije in mi bomo rešeni.