< ဆာလံ 80 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တော် ကြီး၊ ကျွန်​တော်​မျိုး​တို့​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ သိုး​စု​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​တို့​လျှောက်​ထား​ချက်​ကို နား​ညောင်း​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​ရုပ်​အ​ထက်​စံ​တော်​မူ​သော​အ​ရှင်၊
(Til Sangmesteren. El-sjosjannim-edut. Af Asaf. En Salme.) Lyt til, du Israels Hyrde, der leder Josef som en Hjord, træd frem i Glans, du, som troner på Keruber,
2 ဧ​ဖ​ရိမ်၊ဗင်္ယာ​မိန်​နှင့်​မ​နာ​ရှေ​အ​မျိုး​အ​နွယ် တို့​အား ပေါ်​လွင်​ထင်​ရှား​၍ တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပြီး​လျှင်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။
for Efraims, Benjamins og Manasses Øjne; opbyd atter din Vælde og kom til vor Frelse!
3 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​လိမ့်​မည်။
Hærskarers Gud, bring os atter på Fode, lad dit Ansigt lyse, at vi må frelses!
4 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မိ​မိ​၏​လူ​စု​တော်​ပြု​သည့်​ဆု​တောင်း​ပတ္ထနာ များ​ကို အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​နည်း။
HERRE, Hærskarers Gud, hvor længe vredes du trods din Tjeners Bøn?
5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ဝမ်း​နည်း​မှု တည်း​ဟူ​သော​အ​စား​အ​စာ​ကို​ကျွေး​၍ မျက်​ရည်​တည်း​ဟူ​သော​ရေ​ကို​ကြီး​မား​သည့် ခွက်​ဖ​လား​ဖြင့်​တိုက်​တော်​မူ​ပါ​ပြီ။
Du har givet os Tårebrød at spise, Tårer at drikke i bredfuldt Mål.
6 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​တိုင်း​ပြည်​ကို အိမ်​နီး​ချင်း​နိုင်​ငံ​တို့​၏​စစ်​မြေ​ပြင် ဖြစ်​စေ​တော်​မူ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား စော်​ကား​ကြ​ပါ​၏။
Du har gjort os til Stridsemne for vore Naboer, vore Fjender håner os.
7 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​အား ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ​တော် မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​မည်။
Hærskarers Gud, bring os atter på Fode, lad dit Ansigt lyse, at vi må frelses!
8 ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍ အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင် သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။
Du rykked en Vinstok op i Ægypten, drev Folkeslag bort og plantede den;
9 ကိုယ်​တော်​ရှင်​သည်​စ​ပျစ်​ပင်​ပေါက်​နိုင်​ရန်​မြေ​ကို ရှင်း​လင်း​ပြု​ပြင်​တော်​မူ​ပါ​၏။ ထို​အ​ပင်​သည်​နက်​စွာ​အ​မြစ်​စွဲ​လျက်​တစ်​ပြည် လုံး​ကို လွှမ်း​မိုး​ပါ​၏။
du rydded og skaffed den Plads, den slog Rod og fyldte Landet;
10 ၁၀ ယင်း​သည်​တောင်​ကုန်း​များ​ကို​မိ​မိ​၏ အ​ရိပ်​ဖြင့်​လည်း​ကောင်း၊ ကြီး​မား​သည့်​အာ​ရဇ်​ပင်​များ​ကို​မိ​မိ​၏​အ​ကိုင်း အ​ခက်​များ​ဖြင့်​လည်း​ကောင်း​ဖုံး​လွှမ်း​စေ​ပါ​၏။
Bjergene skjultes af dens Skygge. Guds Cedre af dens Ranker;
11 ၁၁ ယင်း​၏​အ​ခက်​အ​လက်​တို့​သည်​မြေ​ထဲ​ပင်​လယ် သို့​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​လည်း​ကောင်း ရောက်​ရှိ​ကြ​ပါ​၏။
den bredte sine Skud til Havet og sine kviste til Floden.
12 ၁၂ ထို​အ​ပင်​ကို​ကာ​ရံ​ထား​သည့်​ခြံ​စည်း​ရိုး​များ​ကို အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ချိုး​ဖျက်​တော်​မူ​ပါ​သ​နည်း။ ယ​ခု​အ​ခါ​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ သူ​တိုင်း​ပင်​လျှင်​စ​ပျစ်​သီး​များ​ကို​ခိုး​ယူ နိုင်​ပါ​၏။
Hvorfor har du nedbrudt dens Hegn, så alle vejfarende plukker deraf?
13 ၁၃ ထို​အ​ပင်​ကို​တော​ဝက်​များ​သည်​ကျော်​နင်း ကြ​၍ တော​တိ​ရစ္ဆာန်​များ​သည်​ကိုက်​စား​ကြ​ပါ​၏။
Skovens Vildsvin gnaver deri, Dyrene på Marken æder den op!
14 ၁၄ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ထံ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​ပါ။ ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​၏​လူ​စု​တော်​ကို ကယ်​တော်​မူ​ပါ။
Hærskarers Gud, vend tilbage, sku ned fra Himlen og se! Drag Omsorg for denne Vinstok,
15 ၁၅ ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင် အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။
for Skuddet, din højre planted!
16 ၁၆ ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။
Lad dem, der sved den og huggede den sønder, gå til for dit Åsyns Trussel!
17 ၁၇ ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင် ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။
Lad din Hånd være over din højres Mand, det Menneskebarn, du opfostrede dig!
18 ၁၈ ကျွန်​တော်​မျိုး​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ ကိုယ်​တော်​ရှင်​အား​ကျော​ခိုင်း​ကြ​တော့​မည် မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​တို့​အား​အ​သက်​ရှင်​စေ​တော်​မူ​လျှင် ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
Da viger vi ikke fra dig, hold os i Live, så påkalder vi dit Navn!
19 ၁၉ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​ပါ​မည်။
HERRE, Hærskarers Gud, bring os atter på Fode, lad dit Ansigt lyse, at vi må frelses!

< ဆာလံ 80 >