< ဆာလံ 8 >
1 ၁ အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
εἰς τὸ τέλος ὑπὲρ τῶν ληνῶν ψαλμὸς τῷ Δαυιδ κύριε ὁ κύριος ἡμῶν ὡς θαυμαστὸν τὸ ὄνομά σου ἐν πάσῃ τῇ γῇ ὅτι ἐπήρθη ἡ μεγαλοπρέπειά σου ὑπεράνω τῶν οὐρανῶν
2 ၂ ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။ ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။ ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
ἐκ στόματος νηπίων καὶ θηλαζόντων κατηρτίσω αἶνον ἕνεκα τῶν ἐχθρῶν σου τοῦ καταλῦσαι ἐχθρὸν καὶ ἐκδικητήν
3 ၃ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
ὅτι ὄψομαι τοὺς οὐρανούς ἔργα τῶν δακτύλων σου σελήνην καὶ ἀστέρας ἃ σὺ ἐθεμελίωσας
4 ၄ သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
τί ἐστιν ἄνθρωπος ὅτι μιμνῄσκῃ αὐτοῦ ἢ υἱὸς ἀνθρώπου ὅτι ἐπισκέπτῃ αὐτόν
5 ၅ သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
ἠλάττωσας αὐτὸν βραχύ τι παρ’ ἀγγέλους δόξῃ καὶ τιμῇ ἐστεφάνωσας αὐτόν
6 ၆ သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။
καὶ κατέστησας αὐτὸν ἐπὶ τὰ ἔργα τῶν χειρῶν σου πάντα ὑπέταξας ὑποκάτω τῶν ποδῶν αὐτοῦ
7 ၇ ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့် ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။
πρόβατα καὶ βόας πάσας ἔτι δὲ καὶ τὰ κτήνη τοῦ πεδίου
τὰ πετεινὰ τοῦ οὐρανοῦ καὶ τοὺς ἰχθύας τῆς θαλάσσης τὰ διαπορευόμενα τρίβους θαλασσῶν
9 ၉ အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
κύριε ὁ κύριος ἡμῶν ὡς θαυμαστὸν τὸ ὄνομά σου ἐν πάσῃ τῇ γῇ