< ဆာလံ 8 >

1 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ကမ္ဘာ​တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သည့်​သီ​ချင်း သံ​သည် ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။
[For the Chief Musician; on an instrument of Gath. A Psalm by David.] LORD, our Lord, how majestic is your name in all the earth. You have put your glory upon the heavens.
2 ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။ ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။
From the lips of children and infants you have established praise, because of your adversaries, that you might silence the enemy and the avenger.
3 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ စီ​မံ​ထား​ရှိ​တော်​မူ​သော လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။
When I consider your heavens, the work of your fingers, the moon and the stars which you have set in place;
4 သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။ လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။
what is man, that you think of him, and the son of man that you care for him?
5 သူ့​အား​ကောင်း​ကင်​တ​မန်​တို့​ထက်​သာ နိမ့်​ကျ​စေ​တော်​မူ​လျက် သူ့​အား​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း​ချီး​မြှင့်​တော် မူ​၏။
For you have made him a little lower than the angels. You have crowned him with glory and honor,
6 သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။
and you made him ruler over the works of your hands. You have put all things under his feet:
7 ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​သိုး၊နွား၊ တော​တိရစ္ဆာန်၊ငှက်၊ငါး​နှင့် ပင်​လယ်​ရေ​သတ္တ​ဝါ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော် မူ​၏။
all sheep and cattle, and also the wild animals,
8
the birds of the sky, and the fish of the sea, whatever passes through the paths of the seas.
9 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။
LORD, our Lord, how majestic is your name in all the earth.

< ဆာလံ 8 >