< ဆာလံ 79 >
1 ၁ အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
Ó Deus, os gentios vieram à tua herança; contaminaram o teu santo templo; reduziram Jerusalém a montões de pedras.
2 ၂ သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
Deram os corpos mortos dos teus servos por comida às aves dos céus, e a carne dos teus santos às bestas da terra.
3 ၃ သူတို့သည်ကိုယ်တော်ရှင့်လူစု၏သွေးကို ရေကဲ့သို့ ယိုစီးစေကြပါ၏။ သွေးချောင်းသည်ယေရုရှလင်မြို့ကိုဖြတ်၍ စီးဆင်းလျက်ရှိပါ၏။ အလောင်းများကိုသင်္ဂြိုဟ်မည့်သူတစ်စုံ တစ်ယောက်မျှ မကျန်တော့ပါ။
Derramaram o sangue deles como água ao redor de Jerusalém, e não houve quem os enterrasse.
4 ၄ ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။
Somos feitos opróbrio para nossos vizinhos, escarneio e zombaria para os que estão à roda de nós.
5 ၅ အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
Até quando, Senhor? Acaso te indignarás para sempre? Arderá o teu zelo como fogo?
6 ၆ ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
Derrama o teu furor sobre os gentios que te não conhecem, e sobre os reinos que não invocam o teu nome.
7 ၇ ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။ ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။
Porque devoraram a Jacob, e assolaram as suas moradas.
8 ၈ ဘိုးဘေးတို့၏အပြစ်များအတွက် ကျွန်တော်မျိုးတို့အားဒဏ်ခတ်တော်မမူပါနှင့်။ ယခုကျွန်တော်မျိုးတို့ကိုသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည်မျှော်လင့်ရာမဲ့လျက် ရှိကြပါ၏။
Não te lembres das nossas iniquidades passadas: previnam-nos depressa as tuas misericórdias, pois já estamos muito abatidos.
9 ၉ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုကူမတော်မူပါ။ ကယ်မတော်မူပါ။ ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့ကိုကယ်ဆယ်တော်မူ၍ ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
Ajuda-nos, ó Deus da nossa salvação, pela glória do teu nome: e livra-nos, e espia os nossos pecados por amor do teu nome.
10 ၁၀ ``သင်တို့၏ဘုရားသည်အဘယ်မှာနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့် မေးရကြပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့၏သွေးကိုသွန်သည့် လူမျိုးတို့အားအပြစ်ဒဏ်ခတ်တော်မူသည်ကို ကျွန်တော်မျိုးတို့မြင်ရကြပါစေသော။
Porque diriam os gentios: Onde está o seu Deus? Seja ele conhecido entre os gentios, a nossa vista, pela vingança do sangue dos teus servos, que foi derramado.
11 ၁၁ အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။
Venha perante a tua face o gemido dos presos; segundo a grandeza do teu braço preserva aqueles que estão sentenciados à morte.
12 ၁၂ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
E torna aos nossos vizinhos, no seu regaço, sete vezes tanto da sua injúria com a qual te injuriaram, Senhor.
13 ၁၃ ထိုအခါသိုးစုတော်တည်းဟူသောကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သည့်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ ပါမည်။ သားစဉ်မြေးဆက်ဂုဏ်တော်ကိုချီးကူးကြ ပါမည်။
Assim nós, teu povo e ovelhas de teu pasto, te louvaremos eternamente: de geração em geração cantaremos os teus louvores.