< ဆာလံ 77 >

1 ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ကျယ်​စွာ အော်​ဟစ်​၏။ ငါ​သည်​ကျယ်​စွာ​အော်​ဟစ်​သ​ဖြင့် ကိုယ်​တော်​ကြား​တော်​မူ​၏။
To the Overseer, for Jeduthun. — A Psalm of Asaph. My voice [is] to God, and I cry, my voice [is] to God, And He hath given ear unto me.
2 ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။
In a day of my distress the Lord I sought, My hand by night hath been spread out, And it doth not cease, My soul hath refused to be comforted.
3 ငါ​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​အောက်​မေ့ ဆင်​ခြင်​သော​အ​ခါ​သက်​ပြင်း​ချ​ရ​၏။ လေး​နက်​စွာ​တွေး​တော​သော​အ​ခါ​ငါ​သည် စိတ်​ပျက်​အား​ငယ်​ရ​၏။
I remember God, and make a noise, I meditate, and feeble is my spirit. (Selah)
4 ကိုယ်​တော်​သည်​ငါ့​အား​တစ်​ည​လုံး​အိပ်​ပျော်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​ရ​လွန်း​သ​ဖြင့် စ​ကား​ပင်​မ​ပြော​နိုင်​ပါ။
Thou hast taken hold of the watches of mine eyes, I have been moved, and I speak not.
5 ငါ​သည်​ကုန်​လွန်​သွား​သည့်​နေ့​ရက်​များ​အ​ကြောင်း ကို စဉ်း​စား​၍​လွန်​လေ​ပြီး​သည့်​နှစ်​များ​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။
I have reckoned the days of old, The years of the ages.
6 တစ်​ည​လုံး​ငါ​သည်​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​စဉ်၊
I remember my music in the night, With my heart I meditate, and my spirit doth search diligently:
7 ဤ​သို့​မိ​မိ​ကိုယ်​ကို​မေး​၏။ ``ဘု​ရား​ရှင်​သည်​ငါ​တို့​ကို​အ​စဉ်​အ​မြဲ စွန့်​ပစ်​တော်​မူ​မည်​လော။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​ဘယ်​အ​ခါ​၌​မှ ပြန်​၍​နှစ်​သက်​တော်​မ​မူ​တော့​ပြီ​လော။
To the ages doth the Lord cast off? Doth He add to be pleased no more?
8 ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။
Hath His kindness ceased for ever? The saying failed to all generations?
9 ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။ က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''
Hath God forgotten [His] favours? Hath He shut up in anger His mercies? (Selah)
10 ၁၀ ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့် ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။
And I say: 'My weakness is, The changes of the right hand of the Most High.'
11 ၁၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော ထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။
I mention the doings of Jah, For I remember of old Thy wonders,
12 ၁၂ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။
And I have meditated on all Thy working, And I talk concerning Thy doings.
13 ၁၃ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​တို့​သည် မြင့်​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင်​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကြီး မြတ်​ပါ။
O God, in holiness [is] Thy way, Who [is] a great god like God?
14 ၁၄ ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။
Thou [art] the God doing wonders. Thou hast made known among the peoples Thy strength,
15 ၁၅ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။
Thou hast redeemed with strength Thy people, The sons of Jacob and Joseph. (Selah)
16 ၁၆ အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။
The waters have seen Thee, O God, The waters have seen Thee, They are afraid — also depths are troubled.
17 ၁၇ မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက် အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။
Poured out waters have thick clouds, The skies have given forth a noise, Also — Thine arrows go up and down.
18 ၁၈ ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက် လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။ မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။
The voice of Thy thunder [is] in the spheres, Lightnings have lightened the world, The earth hath trembled, yea, it shaketh.
19 ၁၉ ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။
In the sea [is] Thy way, And Thy paths [are] in many waters, And Thy tracks have not been known.
20 ၂၀ ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။
Thou hast led as a flock Thy people, By the hand of Moses and Aaron!

< ဆာလံ 77 >