< ဆာလံ 76 >
1 ၁ ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။ ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။
Pou direktè koral la; sou enstriman ak kòd Yon Sòm Asaph, yon Chanson Bondye byen rekonèt nan Juda. Non Li gran an Israël.
2 ၂ ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။
Tabènak Li a nan Salem. Abitasyon Li an osi nan Sion.
3 ၃ ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။
La, Li te kase flèch dife yo, boukliye ak nepe ak zam lagè yo.
4 ၄ အို ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။ ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။
Ou manyifik, pi majeste pase mòn ak bèt lachas yo.
5 ၅ ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
(Sila) ak gran kouraj yo te piyaje, yo te fonse tonbe nan dòmi mò a. Okenn nan gèrye yo ka sèvi men yo.
6 ၆ အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်ရှင်ခြိမ်းခြောက်တော်မူလိုက်သော အခါ၊ မြင်းများနှင့်မြင်းစီးသူရဲတို့သည်လဲကျ သေဆုံးကြပါ၏။
Nan repwòch Ou, O Bondye Jacob, ni chevalye yo ak cheval la te tonbe nan yon pwofon somèy.
7 ၇ သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။
Ou menm, Ou merite lakrent. Se kilès ki kab kanpe nan prezans Ou lè Ou fache?
8 ၈ ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက် ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။
Ou te fè jijman tande soti nan syèl la. Latè te krent, e te kanpe rete an plas
lè Bondye te leve nan jijman an, pou sove tout enb sou latè yo. Tan
10 ၁၀ လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
Paske kòlè a lòm va bay Ou glwa. Se retay kòlè pa W, ki sispann fè mal.
11 ၁၁ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
Fè ve Ou yo a SENYÈ a, Bondye Ou a e akonpli yo. Kite tout (sila) ki antoure Li yo mennen don a (Sila) ki merite lakrent lan.
12 ၁၂ ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။
Li va koupe retire nanm a prens yo. Wa latè yo gen lakrent Li.