< ဆာလံ 74 >
1 ၁ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
Aszáf tanítása. Miért vetettél el, oh Isten, teljesen? Miért füstölög haragod a te legelődnek juhai ellen?
2 ၂ ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။
Emlékezzél meg a te gyülekezetedről, a melyet régen szerzettél és a melyet megváltottál: a te örökségednek részéről, a Sion hegyéről, a melyen lakozol!
3 ၃ ကျွန်တော်မျိုးတို့၏ရန်သူများသည် ဗိမာန်တော်အတွင်းမှရှိသမျှသောအရာ တို့ကို ဖျက်ဆီးပစ်ကြပါပြီ။ ကိုယ်တော်ရှင်သည်ကြွလာတော်မူ၍လုံးဝ ပျက်စီးနေသည့်အရာများကိုကြည့်ရှုတော် မူပါ။
Lépj fel a teljes pusztaságba; mindent tönkre tett az ellenség a szent helyen!
4 ၄ ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
Támadóid a te gyülekezeted hajlékában ordítanak: jeleiket tűzték fel jelekké.
5 ၅ သစ်ခုတ်သမားများသည်ပုဆိန်ဖြင့်သစ်ပင်များကို ခုတ်လှဲသကဲ့သို့
Úgy tünnek fel, mint mikor valaki fejszéjét emelgeti az erdőnek sűrű fáira.
6 ၆ သူတို့သည်ဗိမာန်တော်သစ်သားပန်းပုလက်ရာ များကို ပုဆိန်တင်းပုတ်များဖြင့်ရိုက်ချိုးပစ်ကြပါ၏။
Faragványait már mind összetördelték: fejszékkel és pőrölyökkel.
7 ၇ သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
Szent helyedet lángba borították; neved hajlékát földig megfertőztették.
8 ၈ သူတို့သည်ကျွန်တော်မျိုးတို့အားနာလန်မထူနိုင်အောင် ချေမှုန်းလိုကြပါ၏။ တိုင်းပြည်တွင်ရှိသမျှသောဝတ်ပြုကိုးကွယ်ရာ ဌာနတို့ကိုမီးရှို့ပစ်ကြပါ၏။
Ezt mondották szívökben: Dúljuk fel őket mindenestől! Felgyújtották Istennek minden hajlékát az országban.
9 ၉ ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ ပရောဖက်များလည်းမရှိတော့ပါ။ အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။
Jeleinket nem látjuk, próféta nincs többé, és nincs közöttünk, a ki tudná: meddig tart ez?
10 ၁၀ အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
Meddig szidalmaz, oh Isten, a sanyargató? Örökké gyalázza-é az ellenség a te nevedet?
11 ၁၁ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။ အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
Miért húzod vissza kezedet, jobbodat? Vond ki kebeledből: végezz!
12 ၁၂ သို့သော် အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အစမူလကတည်းကပင်လျှင် ကျွန်တော်မျိုးတို့၏ဘုရင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ကို အကြိမ်ပေါင်းများစွာကယ်တော်မူခဲ့ပါပြီ။
Pedig Isten az én királyom eleitől fogva, a ki szabadításokat mível e föld közepette.
13 ၁၃ ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။
Te hasítottad ketté a tengert erőddel; te törted össze a czethalak fejeit a vizekben.
14 ၁၄ ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန် ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍ အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။
Te rontottad meg a leviathánnak fejét, s adtad azt eledelül a pusztai népnek.
15 ၁၅ ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
Te fakasztottad fel a forrást és patakot, te száraztottad meg az örök folyókat.
16 ၁၆ နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။
Tiéd a nappal, az éjszaka is tiéd; te formáltad a világosságot és a napot.
17 ၁၇ ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီး၏နယ် နိမိတ်ကို သတ်မှတ်တော်မူ၍နွေဥတုနှင့်ဆောင်းဥတုကို ဖန်ဆင်းတော်မူပါ၏။
Te szabtad meg a földnek minden határát: a nyarat és a telet te formáltad.
18 ၁၈ သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။
Emlékezzél meg erről: ellenség szidalmazta az Urat, s bolond nép káromolta a te nevedet.
19 ၁၉ ကိုယ်တော်ရှင်၏ခိုကိုးရာမဲ့သည့်လူစုတော်အား ရက်စက်ကြမ်းကြုတ်သောရန်သူများ၏ လက်တွင် စွန့်ပစ်ထားတော်မမူပါနှင့်။ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသောကိုယ်တော် ရှင်၏ လူစုတော်အားမေ့လျော့တော်မမူပါနှင့်။
Ne adjad a fenevadnak a te gerliczédnek lelkét; szegényeidnek gyülekezetéről ne feledkezzél meg végképen!
20 ၂၀ ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
Tekints a szövetségre; mert telve vannak e földnek rejtekhelyei zsaroló tanyákkal.
21 ၂၁ ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ စေတော်မမူပါနှင့်။ ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
A megrontott ne térjen szégyenvallással vissza; a nyomorult és szűkölködő dicsérje a te nevedet.
22 ၂၂ အို ဘုရားသခင်၊ ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။
Kelj fel, oh Isten, és védd a te ügyedet; emlékezzél meg a te gyaláztatásodról, a melylyel naponként illet téged a bolond!
23 ၂၃ ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။
Ne felejtkezzél el ellenségeidnek szaváról, és az ellened támadók háborgatásáról, a mely szüntelen nevekedik!