< ဆာလံ 73 >
1 ၁ ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများ ဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
Как благ Бог к Израилю, к чистым сердцем!
2 ၂ သို့ရာတွင်သူယုတ်မာတို့ကောင်းစားသည်ကို မြင်ရသောအခါ မောက်မာသူတို့ကိုမရှုလိုစိတ်ရှိသဖြင့်ငါ သည် ခလုတ်တိုက်၍လဲလုပါပြီ။ ငါ၏ခြေတို့သည်လည်းတိမ်းချော်လုပြီ။
А я - едва не пошатнулись ноги мои, едва не поскользнулись стопы мои, -
я позавидовал безумным, видя благоденствие нечестивых,
4 ၄ ထိုသူတို့သည်ဝေဒနာမခံစားရကြ။ ကျန်းမာသန်စွမ်းသူများဖြစ်ကြ၏။
ибо им нет страданий до смерти их, и крепки силы их;
5 ၅ သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။
на работе человеческой нет их, и с прочими людьми не подвергаются ударам.
6 ၆ သို့ဖြစ်၍သူတို့သည်မာန်မာနကိုလည်ဆွဲ တန်ဆာကဲ့သို့လည်းကောင်း၊ အကြမ်းဖက်မှုကိုဝတ်လုံကဲ့သို့လည်း ကောင်း ဝတ်ဆင်ကြ၏။
Оттого гордость, как ожерелье, обложила их, и дерзость, как наряд, одевает их;
7 ၇ သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
выкатились от жира глаза их, бродят помыслы в сердце;
8 ၈ သူတို့သည်သူတစ်ပါးတို့အားပြက်ရယ် ပြုကာ ညစ်ညမ်းသည့်အရာများကိုပြောဆိုကြ၏။ မောက်မာလျက်သူတစ်ပါးတို့အားနှိပ်စက် ညှဉ်းဆဲရန်ကြံစည်ကြ၏။
над всем издеваются, злобно разглашают клевету, говорят свысока;
9 ၉ သူတို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သခင်အားစော်ကားသည့်စကားကိုပြောဆိုလျက်၊ ကမ္ဘာပေါ်ရှိလူတို့အားမောက်မာစွာအမိန့်ပေး ကြ၏။
поднимают к небесам уста свои, и язык их расхаживает по земле.
10 ၁၀ ထိုကြောင့်ဘုရားသခင်၏လူစုတော်ပင်လျှင် သူတို့ဘက်သို့ပါလျက်သူတို့ပြောသမျှသော စကားကိုယုံကြလေသည်။
Потому туда же обращается народ Его, и пьют воду полною чашею,
11 ၁၁ သူတို့က``ဘုရားသခင်သည်သိတော်မူလိမ့်မည် မဟုတ်။ အမြင့်မြတ်ဆုံးအရှင်သည်တွေ့မြင်တော်မူ လိမ့်မည် မဟုတ်'' ဟုဆိုတတ်ကြ၏။
и говорят: “как узнает Бог? и есть ли ведение у Вышнего?”
12 ၁၂ ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။ သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
И вот, эти нечестивые благоденствуют в веке сем, умножают богатство.
13 ၁၃ သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
Так не напрасно ли я очищал сердце мое и омывал в невинности руки мои,
14 ၁၄ အို ဘုရားသခင်၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
и подвергал себя ранам всякий день и обличениям всякое утро?
15 ၁၅ ကျွန်တော်မျိုးသည်ဤနည်းအတိုင်းပြောဆို ခဲ့လျှင် ကိုယ်တော်၏လူစုတော်ကိုကိုယ်စားပြု၍ ပြောဆိုသည်မဟုတ်ပါ။
Но если бы я сказал: “буду рассуждать так”, - то я виновен был бы пред родом сынов Твоих.
16 ၁၆ သို့ဖြစ်၍ကျွန်တော်မျိုးသည်ဤအခြင်းအရာကို သိရှိနားလည်ရန်ကြိုးစား၍စဉ်းစားဆင်ခြင် ပါ၏။ သို့ရာတွင်ယင်းကိုနားလည်နိုင်ရန်လွန်စွာ ခက်ခဲပါ၏။
И думал я, как бы уразуметь это, но это трудно было в глазах моих,
17 ၁၇ ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင် သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
доколе не вошел я во святилище Божие и не уразумел конца их.
18 ၁၈ ကိုယ်တော်ရှင်သည်သူတို့အားခြေချော်တတ်သည့် နေရာများတွင်ခြေချော်စေတော်မူ၍ ဆုံးပါးပျက်စီးစေတော်မူပါမည်။
Так! на скользких путях поставил Ты их и низвергаешь их в пропасти.
19 ၁၉ သူတို့သည်ချက်ချင်းပင်သေကြေပျက်စီး ကြပါ၏။ သူတို့၏နောက်ဆုံးဖြစ်အင်သည်ကြောက်မက်ဖွယ် ကောင်းလှပါ၏။
Как нечаянно пришли они в разорение, исчезли, погибли от ужасов!
20 ၂၀ အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
Как сновидение по пробуждении, так Ты, Господи, пробудив их, уничтожишь мечты их.
21 ၂၁ ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲ၍ စိတ်နာကြည်းသောအခါ
Когда кипело сердце мое, и терзалась внутренность моя,
22 ၂၂ တိရစ္ဆာန်ကဲ့သို့မိုက်မဲသဖြင့်ကိုယ်တော်ရှင်၏ ရှေ့တော်၌အသိပညာမရှိပါ။
тогда я был невежда и не разумел; как скот был я пред Тобою.
23 ၂၃ သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
Но я всегда с Тобою: Ты держишь меня за правую руку;
24 ၂၄ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကြံပေး၍ လမ်းပြတော်မူပြီးလျှင်နောက်ဆုံး၌ ကျွန်တော်မျိုးအားချီးမြှင့်ရန်လက်ခံတော်မူ လိမ့်မည်။
Ты руководишь меня советом Твоим и потом примешь меня в славу.
25 ၂၅ ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
Кто мне на небе? и с Тобою ничего не хочу на земле.
26 ၂၆ ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
Изнемогает плоть моя и сердце мое: Бог твердыня сердца моего и часть моя вовек.
27 ၂၇ ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကို ကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
Ибо вот, удаляющие себя от Тебя гибнут; Ты истребляешь всякого отступающего от Тебя.
28 ၂၈ သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။
А мне благо приближаться к Богу! На Господа Бога я возложил упование мое, чтобы возвещать все дела Твои.