< ဆာလံ 70 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
For the leader. Of David. For commemoration. Quickly, God, deliver me, hasten to help me, Lord.
2 ၂ ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။ ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။
May those who are seeking my life, be ashamed and confounded.
3 ၃ ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက် အလွန်ကြောက်လန့်ကြပါစေသော။
May those who delight in my hurt be defeated and brought to dishonor.
4 ၄ ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။
But may all who seek after you rejoice and be glad in you. May all who love your salvation say, “Glory to God,” evermore.
5 ၅ ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။
I am weak and needy: make haste, God, to me. You are my help and deliverer; Lord, don’t delay.