< ဆာလံ 69 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ရေ​သည်​ကျွန်​တော်​မျိုး​၏​လည်​မျို​တိုင်​အောင် ရောက်​လျက်​နေ​ပါ​ပြီ။
לַמְנַצֵּ֬חַ עַֽל־שׁוֹשַׁנִּ֬ים לְדָוִֽד׃ הוֹשִׁיעֵ֥נִי אֱלֹהִ֑ים כִּ֤י בָ֖אוּ מַ֣יִם עַד־נָֽפֶשׁ׃
2 ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။
טָבַ֤עְתִּי ׀ בִּיוֵ֣ן מְ֭צוּלָה וְאֵ֣ין מָעֳמָ֑ד בָּ֥אתִי בְמַעֲמַקֵּי־מַ֝֗יִם וְשִׁבֹּ֥לֶת שְׁטָפָֽתְנִי׃
3 ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။
יָגַ֣עְתִּי בְקָרְאִי֮ נִחַ֪ר גְּר֫וֹנִ֥י כָּל֥וּ עֵינַ֑י מְ֝יַחֵ֗ל לֵאלֹהָֽי׃
4 ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။
רַבּ֤וּ ׀ מִשַּׂעֲר֣וֹת רֹאשִׁי֮ שֹׂנְאַ֪י חִ֫נָּ֥ם עָצְמ֣וּ מַ֭צְמִיתַי אֹיְבַ֣י שֶׁ֑קֶר אֲשֶׁ֥ר לֹא־גָ֝זַ֗לְתִּי אָ֣ז אָשִֽׁיב׃
5 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
אֱֽלֹהִ֗ים אַתָּ֣ה יָ֭דַעְתָּ לְאִוַּלְתִּ֑י וְ֝אַשְׁמוֹתַ֗י מִמְּךָ֥ לֹא־נִכְחָֽדוּ׃
6 အ​နန္တ​တန်​ခိုး​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့်​အ​ရှက်​မ​ကွဲ ကြ​ရ​ပါ​စေ​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့် ဂုဏ်​အ​သ​ရေ​မ​ပျက်​ရ​ကြ​ပါ​စေ​နှင့်။
אַל־יֵ֘בֹ֤שׁוּ בִ֨י ׀ קֹוֶיךָ֮ אֲדֹנָ֥י יְהוִ֗ה צְבָ֫א֥וֹת אַל־יִכָּ֣לְמוּ בִ֣י מְבַקְשֶׁ֑יךָ אֱ֝לֹהֵ֗י יִשְׂרָאֵֽל׃
7 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက် စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။
כִּֽי־עָ֭לֶיךָ נָשָׂ֣אתִי חֶרְפָּ֑ה כִּסְּתָ֖ה כְלִמָּ֣ה פָנָֽי׃
8 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။
מ֭וּזָר הָיִ֣יתִי לְאֶחָ֑י וְ֝נָכְרִ֗י לִבְנֵ֥י אִמִּֽי׃
9 ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။
כִּֽי־קִנְאַ֣ת בֵּיתְךָ֣ אֲכָלָ֑תְנִי וְחֶרְפּ֥וֹת ח֝וֹרְפֶ֗יךָ נָפְל֥וּ עָלָֽי׃
10 ၁၀ ကျွန်​တော်​မျိုး​သည်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ​လူ​တို့​သည် ကျွန်​တော်​မျိုး​အား​စော်​ကား​ကြ​ပါ​၏။
וָאֶבְכֶּ֣ה בַצּ֣וֹם נַפְשִׁ֑י וַתְּהִ֖י לַחֲרָפ֣וֹת לִֽי׃
11 ၁၁ ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။
וָאֶתְּנָ֣ה לְבוּשִׁ֣י שָׂ֑ק וָאֱהִ֖י לָהֶ֣ם לְמָשָֽׁל׃
12 ၁၂ သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။
יָשִׂ֣יחוּ בִ֭י יֹ֣שְׁבֵי שָׁ֑עַר וּ֝נְגִינ֗וֹת שׁוֹתֵ֥י שֵׁכָֽר׃
13 ၁၃ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။
וַאֲנִ֤י תְפִלָּתִֽי־לְךָ֨ ׀ יְהוָ֡ה עֵ֤ת רָצ֗וֹן אֱלֹהִ֥ים בְּרָב־חַסְדֶּ֑ךָ עֲ֝נֵ֗נִי בֶּאֱמֶ֥ת יִשְׁעֶֽךָ׃
14 ၁၄ ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။
הַצִּילֵ֣נִי מִ֭טִּיט וְאַל־אֶטְבָּ֑עָה אִנָּצְלָ֥ה מִ֝שֹּֽׂנְאַ֗י וּמִמַּֽעֲמַקֵּי־מָֽיִם׃
15 ၁၅ ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။
אַל־תִּשְׁטְפֵ֤נִי ׀ שִׁבֹּ֣לֶת מַ֭יִם וְאַל־תִּבְלָעֵ֣נִי מְצוּלָ֑ה וְאַל־תֶּאְטַר־עָלַ֖י בְּאֵ֣ר פִּֽיהָ׃
16 ၁၆ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။
עֲנֵ֣נִי יְ֭הוָה כִּי־ט֣וֹב חַסְדֶּ֑ךָ כְּרֹ֥ב רַ֝חֲמֶ֗יךָ פְּנֵ֣ה אֵלָֽי׃
17 ၁၇ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။
וְאַל־תַּסְתֵּ֣ר פָּ֭נֶיךָ מֵֽעַבְדֶּ֑ךָ כִּֽי־צַר־לִ֝֗י מַהֵ֥ר עֲנֵֽנִי׃
18 ၁၈ ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​ကို​ကယ်​တော် မူ​ပါ။ ရန်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
קָרְבָ֣ה אֶל־נַפְשִׁ֣י גְאָלָ֑הּ לְמַ֖עַן אֹיְבַ֣י פְּדֵֽנִי׃
19 ၁၉ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​စော်​ကား ခံ​ရ​၍ အ​ဘယ်​မျှ​အ​ရှက်​ကွဲ​အ​သ​ရေ​ပျက်​ရ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ အပေါင်း​ကို မြင်​တော်​မူ​ပါ​၏။
אַתָּ֤ה יָדַ֗עְתָּ חֶרְפָּתִ֣י וּ֭בָשְׁתִּי וּכְלִמָּתִ֑י נֶ֝גְדְּךָ֗ כָּל־צוֹרְרָֽי׃
20 ၂၀ အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။ စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။
חֶרְפָּ֤ה ׀ שָֽׁבְרָ֥ה לִבִּ֗י וָֽאָ֫נ֥וּשָׁה וָאֲקַוֶּ֣ה לָנ֣וּד וָאַ֑יִן וְ֝לַמְנַחֲמִ֗ים וְלֹ֣א מָצָֽאתִי׃
21 ၂၁ ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။
וַיִּתְּנ֣וּ בְּבָרוּתִ֣י רֹ֑אשׁ וְ֝לִצְמָאִ֗י יַשְׁק֥וּנִי חֹֽמֶץ׃
22 ၂၂ သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။ သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။
יְהִֽי־שֻׁלְחָנָ֣ם לִפְנֵיהֶ֣ם לְפָ֑ח וְלִשְׁלוֹמִ֥ים לְמוֹקֵֽשׁ׃
23 ၂၃ သူ​တို့​သည်​မ​မြင်​နိုင်​ကြ​စေ​ရန်​သူ​တို့​၏ မျက်​စိ​ကို ကွယ်​စေ​တော်​မူ​ပါ။ သူ​တို့​၏​ခါး​များ​ကို​လည်း​အ​စဉ်​အ​မြဲ ချိ​နဲ့​စေ​တော်​မူ​ပါ။
תֶּחְשַׁ֣כְנָה עֵ֭ינֵיהֶם מֵרְא֑וֹת וּ֝מָתְנֵ֗יהֶם תָּמִ֥יד הַמְעַֽד׃
24 ၂၄ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​သူ​တို့ အပေါ်​သို့ သွန်း​လောင်း​တော်​မူ​၍​အ​မျက်​တော်​အ​ဟုန်​သည် သူ​တို့​အား​မီ​စေ​တော်​မူ​ပါ။
שְׁפָךְ־עֲלֵיהֶ֥ם זַעְמֶ֑ךָ וַחֲר֥וֹן אַ֝פְּךָ֗ יַשִּׂיגֵֽם׃
25 ၂၅ သူ​တို့​၏​တဲ​စ​ခန်း​များ​သည်​လူ​သူ​ဆိတ်​ညံ​ရာ အ​ရပ်​များ​အ​ဖြစ်​ဖြင့်​ကျန်​ရစ်​ပါ​စေ​သော။ သူ​တို့​၏​တဲ​များ​အ​တွင်း​၌​လူ​တစ်​ဦး​တစ်​ယောက် မျှ အ​သက်​ရှင်​လျက်​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ နှင့်။
תְּהִי־טִֽירָתָ֥ם נְשַׁמָּ֑ה בְּ֝אָהֳלֵיהֶ֗ם אַל־יְהִ֥י יֹשֵֽׁב׃
26 ၂၆ ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။
כִּֽי־אַתָּ֣ה אֲשֶׁר־הִכִּ֣יתָ רָדָ֑פוּ וְאֶל־מַכְא֖וֹב חֲלָלֶ֣יךָ יְסַפֵּֽרוּ׃
27 ၂၇ သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
תְּֽנָה־עָ֭וֹן עַל־עֲוֹנָ֑ם וְאַל־יָ֝בֹ֗אוּ בְּצִדְקָתֶֽךָ׃
28 ၂၈ သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။
יִ֭מָּחֽוּ מִסֵּ֣פֶר חַיִּ֑ים וְעִ֥ם צַ֝דִּיקִ֗ים אַל־יִכָּתֵֽבוּ׃
29 ၂၉ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​နာ​ကျင်​၍ စိတ်​ပျက်​အား​လျော့​လျက်​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ချီ​ပင့်​၍​ကယ်​တော်​မူ​ပါ။
וַ֭אֲנִי עָנִ֣י וְכוֹאֵ֑ב יְשׁוּעָתְךָ֖ אֱלֹהִ֣ים תְּשַׂגְּבֵֽנִי׃
30 ၃၀ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ် ဖော် ကြေ​ညာ​ပါ​မည်။
אֲהַֽלְלָ֣ה שֵׁם־אֱלֹהִ֣ים בְּשִׁ֑יר וַאֲגַדְּלֶ֥נּוּ בְתוֹדָֽה׃
31 ၃၁ ယင်း​သို့​ပြု​သည်​ကို​ထာ​ဝ​ရ​ဘု​ရား​သည် နွား​ပူ​ဇော်​သ​ကာ​ထက်​ပို​၍​နှစ်​သက်​တော် မူ​လိမ့်​မည်။ ထွား​ကြိုင်း​သန်​မာ​သော​နွား​လား​ကို​ပူ​ဇော် သည်​ထက် ပို​၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။
וְתִיטַ֣ב לַֽ֭יהוָה מִשּׁ֥וֹר פָּ֗ר מַקְרִ֥ן מַפְרִֽיס׃
32 ၃၂ ဤ​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​ညှဉ်း​ဆဲ ခံ​ရ​သူ​တို့​သည်​ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် အား​တက်​ကြ​လိမ့်​မည်။
רָא֣וּ עֲנָוִ֣ים יִשְׂמָ֑חוּ דֹּרְשֵׁ֥י אֱ֝לֹהִ֗ים וִיחִ֥י לְבַבְכֶֽם׃
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။
כִּֽי־שֹׁמֵ֣עַ אֶל־אֶבְיוֹנִ֣ים יְהוָ֑ה וְאֶת־אֲ֝סִירָ֗יו לֹ֣א בָזָֽה׃
34 ၃၄ ကောင်း​ကင်​နှင့်​မြေ​ကြီး၊ပင်​လယ်​နှင့်​ပင်​လယ်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။
יְֽ֭הַלְלוּהוּ שָׁמַ֣יִם וָאָ֑רֶץ יַ֝מִּ֗ים וְֽכָל־רֹמֵ֥שׂ בָּֽם׃
35 ၃၅ ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ကို​ကယ်​ဆယ်​တော် မူ​၍ ယု​ဒ​မြို့​တို့​ကို​ပြန်​၍​တည်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​စု​တော်​သည်​ထို​မြို့​များ​တွင် နေ​ထိုင်​ကြ​လျက်​တိုင်း​ပြည်​ကို​ပိုင်​ဆိုင်​ကြ လိမ့်​မည်။
כִּ֤י אֱלֹהִ֨ים ׀ י֘וֹשִׁ֤יעַ צִיּ֗וֹן וְ֭יִבְנֶה עָרֵ֣י יְהוּדָ֑ה וְיָ֥שְׁבוּ שָׁ֝֗ם וִירֵשֽׁוּהָ׃
36 ၃၆ ကိုယ်​တော့်​အ​စေ​ခံ​များ​၏​သား​မြေး​တို့​သည် တိုင်း​ပြည်​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​အား​ချစ်​သော​သူ​တို့​သည်​ထို​ပြည်​တွင် နေ​ထိုင်​ကြ​ရ​လိမ့်​မည်။
וְזֶ֣רַע עֲ֭בָדָיו יִנְחָל֑וּהָ וְאֹהֲבֵ֥י שְׁ֝מ֗וֹ יִשְׁכְּנוּ־בָֽהּ׃

< ဆာလံ 69 >