< ဆာလံ 67 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​ပါ။ က​ရု​ဏာ​စိတ်​နှင့်​ကျွန်​တော်​မျိုး​တို့​အား ကြည့်​တော်​မူ​ပါ။
(시 곧 노래. 영장으로 현악에 맞춘 것) 하나님은 우리를 긍휼히 여기사 복을 주시고 그 얼굴 빛으로 우리에게 비취사 (셀라)
2 သို့​မှ​သာ​လျှင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း တို့​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို​သိ​ကြ​ပါ လိမ့်​မည်။
주의 도를 땅 위에, 주의 구원을 만방 중에 알리소서
3 အို ဘု​ရား​သ​ခင်၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။
하나님이여, 민족들로 주를 찬송케 하시며 모든 민족으로 주를 찬송케 하소서
4 ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။
열방은 기쁘고 즐겁게 노래할지니 주는 민족들을 공평히 판단하시며 땅 위에 열방을 치리하실 것임이니이다 (셀라)
5 အို ဘု​ရား​သ​ခင်၊ လူ​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​စေ​သော။
하나님이여, 민족들로 주를 찬송케 하시며 모든 민족으로 주를 찬송케 하소서
6 မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။
땅이 그 소산을 내었도다 하나님 곧 우리 하나님이 우리에게 복을 주시리로다
7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။
하나님이 우리에게 복을 주시리니 땅의 모든 끝이 하나님을 경외하리로다

< ဆာလံ 67 >