< ဆာလံ 67 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။
(Til sangmesteren. Med strengespil. En salme. En sang.) Gud være os nådig og velsigne os, han lade sit Ansigt lyse over os (Sela)
2 ၂ သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
for at din Vej må kendes på Jorden, din Frelse blandt alle Folk.
3 ၃ အို ဘုရားသခင်၊ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
Folkeslag skal takke dig, Gud, alle Folkeslag takke dig;
4 ၄ ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍ လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့် သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
Folkefærd skal glædes og juble, thi med Retfærd dømmer du Folkeslag, leder Folkefærd på Jorden, (Sela)
5 ၅ အို ဘုရားသခင်၊ လူမျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါစေသော။
Folkeslag skal takke dig Gud, alle Folkeslag takke dig!
6 ၆ မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
Landet har givet sin Grøde, Gud, vor Gud, velsigne os,
7 ၇ ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။
Gud velsigne os, så den vide Jord må frygte ham!