< ဆာလံ 66 >

1 လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ဝမ်း​မြောက်​စွာ အော်​ဟစ်​၍​ထော​မ​နာ​ပြု​ကြ​လော့။
NIJINIJ on Ieowa nan jap karoj.
2 ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
Kauleki linan en mar a; kapikapina i melel!
3 ``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။
Komail potoan on Kot: Meid kapuriamui japwilim omui dodok kan! Japwilim omui imwintiti kapina komui pweki omui manaman.
4 ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​ကို​ရှိ​ခိုး​ဝတ်​ပြု​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​၏'' ဟု ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​လော့။
Jap karoj en kaudok on komui o kapina komui pweki omui manaman.
5 ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ၊ လူ​တို့​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ အ​မှု​များ​ကို​လာ​၍​ကြည့်​ကြ​လော့။
Komail kodo, kilan dodok en Kot, pe a wiawia kan me kapuriamui ren aramaj akan.
6 ကိုယ်​တော်​သည်​ပင်​လယ်​ကို​ကုန်း​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး​များ​သည်​မြစ်​ကို ခြေ​လျင်​ဖြတ်​ကူး​ခဲ့​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​အ​တွက်​ငါ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့​ကြ​၏။
A kotin kawukila madau on jap madakon, pwe aramaj en kak alu pon pil o, I waja je peren kidar kaualap.
7 ကိုယ်​တော်​သည်​ဘုန်း​အာ​နု​ဘော်​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​၏​ခြေ​လှမ်း​ကို​ကြည့်​လျက် နေ​တော်​မူ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​မ​ပုန်​ကန်​ပါ​စေ​နှင့်။
A kotin kakaunda ni a manaman kokolata; jilan i kin ireron wei kan. Me kanudi kan jota kak pwaida.
8 လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။
Komail wei kan kapina atail Kot, o komail kalaudela nil omail, pwen lel on waja doo.
9 ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။
Me kotin kolekol on kitail maur atail, o jota mued on, na atail en krijedi.
10 ၁၀ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ငွေ​ကို​မီး​ဖြင့်​ချွတ်​သ​ကဲ့​သို့​ကျွန်​တော်​မျိုး တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။
Pwe komui Kot me kotin kajonejon kit o kamakelekel kit er, dueta jilper kin kamekelekelda.
11 ၁၁ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ထောင်​ချောက်​တွင်​ကျ​စေ​တော်​မူ​၍ လေး​လံ​သော​ဝန်​ကို​ထမ်း​စေ​တော်​မူ​ပါ​၏။
Kom kotin mueid on, jen lodi ni injar o, kom katoutou kin kit men katoutou eu.
12 ၁၂ ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။
Kom kotin mueid on aramaj kai, en tiakedi pon mon at; kit lel on kijiniai o pil; a kom kotin kaptiki jan kit o kakele kit adar.
13 ၁၃ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။
I me i pan pedekilon on nan tanpaj omui, pwen marion ijij, o i pan kapwaiada ai inau on komui.
14 ၁၄ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​က၊ က​တိ​သစ္စာ​ထား​ခဲ့​သည့်​အ​တိုင်း​ကိုယ်​တော် ရှင်​အား ဆက်​သ​ပါ​မည်။
Duen kil en au ai inaukidar, o duen au ai inda ni ai anjau apwal.
15 ၁၅ ကျွန်​တော်​မျိုး​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန် သိုး​ကို​ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​နွား​နှင့်​ဆိတ်​များ​ကို ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​ရာ​ယဇ်​များ​မှ​မီး​ခိုး​သည်​ကောင်း​ကင်​သို့ တက်​ပါ​လိမ့်​မည်။
I pan mairon ijij on komui jip wi kan ianaki adiniai en jip ol, I pan maironki kau ianaki jip o kut akan.
16 ၁၆ ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။
Komail karoj, me majak Kot, kodo re i, i pan kajoi on komail, duen me a kotin wiai on nen i.
17 ၁၇ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။
I likwirki on i au ai o i kapinaki i lo i.
18 ၁၈ အ​ကယ်​၍​ငါ​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို လျစ်​လူ​ရှု​၍​နေ​ခဲ့​ပါ​မူ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်​ပါ။
Ma i pan lamelame nan monion i, me i pan wiada me jued, Ieowa ap jota pan mani ia.
19 ၁၉ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။
A Kot kotin ereki ai kapakap, o a kotin manier ai nidinid.
20 ၂၀ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။
Kapina on Kot, me jota kotin mamaleki ai kapakap, o a jota kotiki wei jan ia a kalanan.

< ဆာလံ 66 >