< ဆာလံ 65 >

1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။ မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။
To the end, a psalm of David. The canticle of Jeremias and Ezechiel to the people of the captivity, when they began to go out. A Hymn, O God, becometh thee in Sion: and a vow shall be paid to thee in Jerusalem.
2
O hear my prayer: all flesh shall come to thee.
3
The words of the wicked have prevailed over us: and thou wilt pardon our transgressions.
4 ဗိ​မာန်​တော်​၌​နေ​၍​အ​ထံ​တော်​သို့​ချဉ်း​ကပ် စေ​ရန် ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​သူ​များ​သည် မင်္ဂ​လာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှ ကောင်း​မြတ်​သော​အ​ရာ​များ၊သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ​စား ရ​ရှိ ကြ​သ​ဖြင့်​ရောင့်​ရဲ​ကြ​ပါ​လိမ့်​မည်။
Blessed is he whom thou hast chosen and taken to thee: he shall dwell in thy courts. We shall be filled with the good things of thy house; holy is thy temple,
5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင် ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။
Wonderful in justice. Hear us, O God our saviour, who art the hope of all the ends of the earth, and in the sea afar off.
6 ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​အား​ဖြင့် တောင်​များ​ကို​နေ​ရာ​ချ​ထား​တော်​မူ​လျက် တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပါ​၏။
Thou who preparest the mountains by thy strength, being girded with power:
7 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။
Who troublest the depth of the sea, the noise of its waves. The Gentiles shall be troubled,
8 ကိုယ်​တော်​ရှင်​ပြ​တော်​မူ​သော နိ​မိတ်​လက္ခ​ဏာ​များ​ကြောင့်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ရှိ လူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကြောင့် ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​သို့​တိုင်​အောင် ရွှင်​လန်း​ဝမ်း​မြောက်​သည့်​ကြွေး​ကြော်​သံ​များ ထွက်​ပေါ်​လာ​ပါ​၏။
And they that dwell in the uttermost borders shall be afraid at thy signs: thou shalt make the outgoings of the morning and of the evening to be joyful.
9 ကိုယ်​တော်​ရှင်​သည်​မိုး​ရေ​ကို ချ​ပေး​တော်​မူ​ခြင်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​တော်​မူ​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​မြေ​သြ​ဇာ​ထက်​သန်​စေ​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မြစ်​ချောင်း​တို့​ကို​ရေ​နှင့် ပြည့်​စေ​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​တွင်​ကောက်​ပဲ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​ပုံ​မှာ​ဤ​သို့​တည်း။
Thou hast visited the earth, and hast plentifully watered it; thou hast many ways enriched it. The river of God is filled with water, thou hast prepared their food: for so is its preparation.
10 ၁၀ ကိုယ်​တော်​ရှင်​သည်​မိုး​ကို​ရွာ​စေ​တော်​မူ​လျက် ထွန်​ယက်​ထား​သည့်​လယ်​ယာ​များ​ကို​စို​စွတ် စေ​တော်​မူ​ပါ​၏။ ထို​နောက်​မိုး​ရေ​ဖြင့်​မြေ​ဆီ​လွှာ​ကို ပျော့​စေ​တော်​မူ​ပြီး​လျှင်​ပျိုး​ပင်​ငယ်​များ​ကို ပေါက်​စေ​တော်​မူ​ပါ​၏။
Fill up plentifully the streams thereof, multiply its fruits; it shall spring up and rejoice in its showers.
11 ၁၁ ကိုယ်​တော်​ရှင်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့် ရိတ်​သိမ်း​ရ​သည့်​အ​သီး​အ​နှံ​များ​ကား များ​ပြား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​ကြွ​ရောက်​တော်​မူ​ရာ​အ​ရပ် တိုင်း​၌ ပေါ​များ​ကြွယ်​ဝ​မှု​ရှိ​ပါ​သည်​တ​ကား။
Thou shalt bless the crown of the year of thy goodness: and thy fields shall be filled with plenty.
12 ၁၂ စား​ကျက်​တို့​တွင်​သိုး​အုပ် ဆိတ်​အုပ်​များ​ရှိ​ပါ​၏။ တောင်​ကုန်း​တို့​သည်​သာ​ယာ​ရွှင်​လန်း​လျက်​ရှိ​ပါ​၏။
The beautiful places of the wilderness shall grow fat: and the hills shall be girded about with joy,
13 ၁၃ ကွင်း​ပြင်​တို့​သည်​သိုး​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ချိုင့်​ဝှမ်း​တို့​သည်​ဂျုံ​ပင်​များ​နှင့်​ဖုံး​လွှမ်း​လျက်​ရှိ​ပါ​၏။ အ​ရာ​ခပ်​သိမ်း​တို့​သည်​ရွှင်​လန်း​စွာ​အော်​ဟစ်​၍ သီ​ချင်း​ဆို​လျက်​ရှိ​ကြ​ပါ​၏။
The rams of the flock are clothed, and the vales shall abound with corn: they shall shout, yea they shall sing a hymn.

< ဆာလံ 65 >