< ဆာလံ 64 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။
神よわがなげくときわが聲をききたまへ わが生命をまもりて仇のおそれより脱かれしめたまへ
2 သူ​ယုတ်​မာ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​များ မှ​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​လူ​စု​လူ​ဝေး​တို့​၏​ဘေး​မှ​လည်း ကောင်း ကွယ်​ကာ​တော်​မူ​ပါ။
ねがはくは汝われをかくして惡をなすものの陰かなる謀略よりまぬかれしめ不義をおこなふものの喧嘩よりまぬかれしめ給へ
3 သူ​တို့​သည်​မိ​မိ​တို့​၏​လျှာ​ကို​ဋ္ဌား​သ​ဖွယ် သွေး​ကြ​ပါ​၏။ သ​နား​ကြင်​နာ​ခြင်း​ကင်း​မဲ့​သော​စ​ကား များ​ဖြစ်​သော မြား​များ​ကို​ချိန်​ရွယ်​ကြ​၏။
かれらは劍のごとくおのが舌をとぎ その弓をはり矢をつがへるごとく苦言をはなち
4 သူ​တို့​သည်​အ​ရှက်​ကင်း​မဲ့​စွာ​မိ​မိ​တို့​၏ မု​သား​စ​ကား​များ​ကို​လျင်​မြန်​စွာ​ပျံ့​နှံ့​စေ ကြ​၏။ သူ​တို့​သည်​စက်​ဆုတ်​ဖွယ်​ကောင်း​သော ဂုံး​ချော​စ​ကား​များ​ပြော​ဆို​ကာ သူ​တော်​ကောင်း​တို့​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။
隠れたるところにて全者を射んとす俄かにこれを射ておそるることなし
5 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ရာ​တွင် အ​ချင်း​ချင်း​အား​ပေး​ကြ​၏။ သူ​တို့​သည်​ထောင်​ချောက်​များ​ထား​ရန်​နေ​ရာ​ကို တိုင်​ပင်​ပြီး​နောက် ``ဤ​ထောင်​ချောက်​များ​ကို​အ​ဘယ်​သူ​မျှ​တွေ့​မြင် နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
また彼此にあしき企圖をはげまし共にはかりてひそかに羂をまうく 斯ていふ誰かわれらを見んと
6 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင် ``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။ လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။
かれらはさまざまの不義をたづねいだして云われらは懇ろにたづね終れりと おのおのの衷のおもひと心とはふかし
7 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား မြား​တော်​ဖြင့်​ပစ်​တော်​မူ​၍​ချက်​ချင်း​ပင် ဒဏ်​ရာ​ရ​စေ​တော်​မူ​၏။
然はあれど神は矢にてかれらを射たまふべし かれらは俄かに傷をうけん
8 သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။
斯てかれらの舌は其身にさからふがゆゑに遂にかれらは蹟かん これを見るものみな逃れさるべし
9 ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။
もろもろの人はおそれん而して神のみわざをのべつたへ その作たまへることを考ふべし
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
義者はヱホバをよろこびて之によりたのまん すべて心のなほきものは皆ほこることを得ん

< ဆာလံ 64 >