< ဆာလံ 63 >
1 ၁ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
A Psalm of David, in his being in the wilderness of Judah. O God, Thou [art] my God, earnestly do I seek Thee, Thirsted for Thee hath my soul, Longed for Thee hath my flesh, In a land dry and weary, without waters.
2 ၂ သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။
So in the sanctuary I have seen Thee, To behold Thy strength and Thine honour.
3 ၃ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
Because better [is] Thy kindness than life, My lips do praise Thee.
4 ၄ ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
So I bless Thee in my life, in Thy name I lift up my hands.
5 ၅ ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
As [with] milk and fatness is my soul satisfied, And [with] singing lips doth my mouth praise.
6 ၆ ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။
If I have remembered Thee on my couch, In the watches — I meditate on Thee.
7 ၇ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
For Thou hast been a help to me, And in the shadow of Thy wings I sing.
8 ၈ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
Cleaved hath my soul after Thee, On me hath Thy right hand taken hold.
9 ၉ ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် မရဏာနိုင်ငံသို့သက်ဆင်းကြရပါလိမ့် မည်။
And they who for desolation seek my soul, Go in to the lower parts of the earth.
10 ၁၀ သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏ ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။
They cause him to run on the edge of the sword, A portion for foxes they are.
11 ၁၁ ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။
And the king doth rejoice in God, Boast himself doth every one swearing by Him, But stopped is the mouth of those speaking lies!