< ဆာလံ 63 >

1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။
A Psalme of David. When he was in the wildernesse of Judah. O God, thou art my God, earely will I seeke thee: my soule thirsteth for thee: my flesh longeth greatly after thee in a barren and drye land without water.
2 သန့်​ရှင်း​ရာ​ဌာ​န​တွင်​ကိုယ်​တော်​ရှင်​အား​ဖူး မြော်​ခွင့်​ကို ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြော်​ခွင့်​ပေး​တော်​မူ​ပါ။
Thus I beholde thee as in the Sanctuarie, when I beholde thy power and thy glorie.
3 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
For thy louing kindnesse is better then life: therefore my lippes shall prayse thee.
4 ကျွန်​တော်​မျိုး​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။
Thus will I magnifie thee all my life, and lift vp mine hands in thy name.
5 ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ချို​မြိန်​သည့်​အ​စာ​ကို စား​သုံး​ရ​သူ​ကဲ့​သို့​ကျေ​နပ်​ရောင့်​ရဲ​လျက်​နေ ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ဝမ်း​မြောက်​စွာ​ထော​မ​နာ သီ​ချင်း​ဆို​ပါ​မည်။
My soule shalbe satisfied, as with marowe and fatnesse, and my mouth shall praise thee with ioyfull lippes,
6 ကျွန်​တော်​မျိုး​သည်​အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​လျက်​နေ​စဉ် ကိုယ်​တော်​ရှင်​အား​အောက်​မေ့​သ​တိ​ရ​ပါ​၏။ တစ်​ညဥ့်​လုံး​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​ပါ​၏။
When I remember thee on my bedde, and when I thinke vpon thee in the night watches.
7 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။
Because thou hast bene mine helper, therefore vnder the shadow of thy wings wil I reioyce.
8 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်း ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။
My soule cleaueth vnto thee: for thy right hand vpholdeth me.
9 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ​ရ​ပါ​လိမ့် မည်။
Therefore they that seeke my soule to destroy it, they shall goe into the lowest partes of the earth.
10 ၁၀ သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ရ​၍ သူ​တို့​၏ ရုပ်​အ​လောင်း​များ​ကို​ဝံ​ပု​လွေ​တို့ စား​ကြ​ပါ​လိမ့်​မည်။
They shall cast him downe with the edge of the sword, and they shall be a portion for foxes.
11 ၁၁ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့် မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။
But the King shall reioyce in God, and all that sweare by him shall reioyce in him: for the mouth of them that speake lyes, shall be stopped.

< ဆာလံ 63 >