< ဆာလံ 62 >
1 ၁ ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
Начальнику хора Идифумова. Псалом Давида. Только в Боге успокаивается душа моя: от Него спасение мое.
2 ၂ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Только Он - твердыня моя, спасение мое, убежище мое: не поколеблюсь более.
3 ၃ သင်တို့အပေါင်းသည်ယိမ်းယိုင်လျက်ရှိသော နံရံနှင့် ပြိုကျပျက်စီးလျက်ရှိသောခြံဝင်းကဲ့သို့ အင်အားမရှိသည့်လူတစ်ယောက်အား အဘယ်မျှ ကြာအောင်တိုက်ခိုက်ကြပါမည်နည်း။
Доколе вы будете налегать на человека? Вы будете низринуты, все вы, как наклонившаяся стена, как ограда пошатнувшаяся.
4 ၄ သင်တို့သည်သူ့အားဂုဏ်မြင့်ရာမှဆွဲချရန် ကိုသာ ကြံစည်ကြ၏။ သင်တို့သည်လိမ်လည်ပြောဆိုရန်နှစ်သက် ကြ၏။ သူ့အားနှုတ်ဖြင့်ကောင်းချီးပေးလျက်၊ စိတ်ထဲတွင်မူကားကျိန်ဆဲကြ၏။
Они задумали свергнуть его с высоты, прибегли ко лжи; устами благословляют, а в сердце своем клянут.
5 ၅ ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။
Только в Боге успокаивайся, душа моя! ибо на Него надежда моя.
6 ၆ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက် တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Только Он - твердыня моя и спасение мое, убежище мое: не поколеблюсь.
7 ၇ ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ ငါခိုလှုံရာကားဘုရားသခင်ပေတည်း။
В Боге спасение мое и слава моя; крепость силы моей и упование мое в Боге.
8 ၈ အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
Народ! надейтесь на Него во всякое время; изливайте пред Ним сердце ваше: Бог нам прибежище.
9 ၉ လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။
Сыны человеческие - только суета; сыны мужей - ложь; если положить их на весы, все они вместе легче пустоты.
10 ၁၀ အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
Не надейтесь на грабительство и не тщеславьтесь хищением; когда богатство умножается, не прилагайте к нему сердца.
11 ၁၁ ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
Однажды сказал Бог, и дважды слышал я это, что сила у Бога,
и у Тебя, Господи, милость, ибо Ты воздаешь каждому по делам его.