< ဆာလံ 62 >

1 ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။
Unto the end, for Idithun, a psalm of David. Shall not my soul be subject to God? for from him is my salvation.
2 ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
For he is my God and my saviour: he is my protector, I shall be moved no more.
3 သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။
How long do you rush in upon a man? you all kill, as if you were thrusting down a leaning wall, and a tottering fence.
4 သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။ သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။ သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။
But they have thought to cast away my price; I ran in thirst: they blessed with their mouth, but cursed with their heart.
5 ငါ​သည်​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ ကိုယ်​တော်​အား​မျှော်​ကိုး​ပါ​၏။
But be thou, O my soul, subject to God: for from him is my patience.
6 ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
For he is my God and my saviour: he is my helper, I shall not be moved.
7 ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။
In God is my salvation and my glory: he is the God of my help, and my hope is in God.
8 အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။
Trust in him, all ye congregation of people: pour out your hearts before him. God is our helper for ever.
9 လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။
But vain are the sons of men, the sons of men are liars in the balances: that by vanity they may together deceive.
10 ၁၀ အ​ကြမ်း​ဖက်​မှု​ကို​အား​မ​ကိုး​ကြ​နှင့်။ လု​ယက်​မှု​ဖြင့်​အ​ကျိုး​ခံ​စား​ရ​လိမ့်​မည်​ဟု မ​မျှော်​လင့်​ကြ​နှင့်။ သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​သည် တိုး​ပွား​လာ​စေ​ကာ​မူ​ယင်း​တို့​ကို​အား​မ​ကိုး ကြ​နှင့်။
Trust not in iniquity, and cover not robberies: if riches abound, set not your heart upon them.
11 ၁၁ ဘု​ရား​သ​ခင်​၌​တန်​ခိုး​ရှိ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ခိုင်​မြဲ​ကြောင်း ကို​လည်း​ကောင်း တစ်​ကြိမ်​မ​က​ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ခဲ့​ရ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင်​ပင်​လူ​အ​ပေါင်း တို့​အား အ​ကျင့်​အ​လျောက်​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ချ​ပေး​တော်​မူ​ပါ​၏။
God hath spoken once, these two things have I heard, that power belongeth to God,
12 ၁၂
And mercy to thee, O Lord; for thou wilt render to every man according to his works.

< ဆာလံ 62 >