< ဆာလံ 61 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
(다윗의 시. 영장으로 현악에 맞춘 노래) 하나님이여, 나의 부르짖음을 들으시며 내 기도에 유의하소서
2 ၂ ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
내 마음이 눌릴 때에 땅 끝에서부터 주께 부르짖으오리니 나보다 높은 바위에 나를 인도하소서
3 ၃ ကိုယ်တော်ရှင်သည်ရန်သူတို့၏ဘေးမှ ကျွန်တော်မျိုးအားကွယ်ကာစောင့်ထိန်း တော်မူသောအရှင်၊ ကျွန်တော်မျိုးအတွက်ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ၏။
주는 나의 피난처시요 원수를 피하는 견고한 망대심이니이다
4 ၄ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏တဲတော်တွင် တစ်သက်လုံးနေခွင့်ကိုပေးတော်မူပါ။ ကိုယ်တော်၏အတောင်တော်အရိပ်အောက်တွင် ဘေးမဲ့လုံခြုံစွာခိုလှုံခွင့်ကိုပေးတော်မူပါ။
내가 영원히 주의 장막에 거하며 내가 주의 날개 밑에 피하리이다 (셀라)
5 ၅ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြုသည့် ကတိသစ္စာကိုကြားတော်မူပါပြီ။ ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးကြသူ တို့အား ပေးတော်မူသည့်ပြည်တော်နှင့် ကောင်းကျိုးချမ်းသာကိုကျွန်တော်မျိုး အား ပေးတော်မူပါပြီ။
하나님이여, 내 서원을 들으시고 주의 이름을 경외하는 자의 얻을 기업을 내게 주셨나이다
6 ၆ မင်းကြီးအားသက်တော်ရာကျော်ရှည်စေ တော်မူပါ။ ကာလအစဉ်အဆက်သက်တော်ရှည်စေတော် မူပါ။
주께서 왕으로 장수케 하사 그 나이 여러 대에 미치게 하시리이다
7 ၇ အို ဘုရားသခင်၊ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့် သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။
저가 영원히 하나님 앞에 거하리니 인자와 진리를 예비하사 저를 보호하소서
8 ၈ သို့ဖြစ်၍ကျွန်တော်မျိုးသည်မိမိ၏ ကတိသစ္စာဝတ်ကိုနေ့စဉ်ဖြေလျက် ကိုယ်တော်ရှင်အားအစဉ်အမြဲ ထောမနာသီချင်းဆိုပါမည်။
그리하시면 내가 주의 이름을 영원히 찬양하며 매일 나의 서원을 이행하리이다