< ဆာလံ 60 >
1 ၁ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
Přednímu z kantorů na šušan eduth, zlatý žalm Davidův, k vyučování, Když válku vedl proti Syrii Naharaim, a proti Syrii Soba, kdyžto navrátil se Joáb, pobiv Idumejských v údolí slaném dvanácte tisíců. Bože, zavrhl jsi byl nás, roztrhls nás a hněvals se, navratiž se zase k nám.
2 ၂ ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။
Zatřásl jsi byl zemí a roztrhls ji, uzdraviž rozsedliny její, neboť se chvěje.
3 ၃ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
Ukazoval jsi lidu svému tvrdé věci, napájels nás vínem zkormoucení.
4 ၄ ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့ သည် အပြစ်ဒဏ်လွတ်မြောက်စေရန်သူတို့အား ကိုယ်တော်သတိပေးတော်မူပါပြီ။
Ale nyní dal jsi těm, kteříž se tebe bojí, korouhev, aby ji vyzdvihli pro pravdu tvou. (Sélah)
5 ၅ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
Ať jsou vysvobozeni milí tvoji, zachovávejž jich pravicí svou, a vyslyš mne.
6 ၆ သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။
Bůh mluvil skrze svatost svou, veseliti se budu, budu děliti Sichem, a údolí Sochot rozměřím.
7 ၇ ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏မကိုဋ်ဖြစ်၍ ယုဒပြည်ကားငါ၏ရာဇလှံတံဖြစ်၏။
Můjť jest Galád, můj i Manasses, a Efraim síla hlavy mé, Juda učitel můj.
8 ၈ သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့် ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။
Moáb medenice k umývání mému, na Edoma uvrhu obuv svou, proti mně, Palestino, trub.
9 ၉ အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
Kdo mne uvede do města ohraženého? Kdo mne zprovodí až do Idumee?
10 ၁၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူဘဲနေပါမည်လော။
Zdali ne ty, ó Bože, kterýž jsi nás byl zavrhl, a nevycházels, Bože, s vojsky našimi?
11 ၁၁ ရန်သူကိုတိုက်ခိုက်နိုင်ရန်ကျွန်တော်မျိုးတို့အား ကူမတော်မူပါ။ လူသားတို့၏အကူအညီသည်အချည်းနှီး ဖြစ်ပါ၏။
Uděliž nám pomoci před nepřítelem, nebo marná jest pomoc lidská.
12 ၁၂ ငါတို့၏ဘက်တွင်ဘုရားသခင်ရှိတော်မူလျှင် ငါတို့သည်အောင်မြင်ကြလိမ့်မည်။ ကိုယ်တော်သည်ငါတို့၏ရန်သူများကို နှိမ်နင်းတော်မူလိမ့်မည်။
V Bohu udatně sobě počínati budeme, a onť pošlapá nepřátely naše.